ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲက ကေအန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ ၄ နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးကျဆုံးခဲ့တယ်လို့ ကေအန်ယူပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေနဲ့ သထုံခရိုင် ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၁) တို့ ဇွန်လ ၂၁ ရက် မနက် ၇ နာရီလောက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကေအန်ယူ သထုံခရိုင်အတွင်း ဘားအံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ် နဲ့ မော်စကို အထူးဒေသတို့ ပါဝင်တာပါတယ်။