အမျိုးသမီး ဖူဆယ်အသင်း ထိုင်းနဲ့ ဗီယက်နမ်အသင်းတွေကို ယှဉ်ပြိုင်အနိုင်ယူမည်

အမျုိးသမီး ဖူဆယ်အသင်း ေနြပည်ေတာ် ဖူဆယ်အားကစားကွင်းမှာ ေလ့ကျင့်ေနစဉ်
၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ ၀င်ပြိုင်မယ့် မြန်မာအမျိုးသမီး ဖူဆယ်အသင်းဟာ ထိုင်းနဲ့ ဗီယက်နမ်အသင်းတွေကို ယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံဂုဏ်ကို ဆောင်ကျဉ်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဖူဆယ်အားကစားလေ့ကျင်းကွင်းထဲကို ၀င်ရောက်လိုက်တယ်ဆိုရင်ပဲ အားကစားကွင်းရဲ့ ခမ်းနားထည်ဝါမှုကို ဦးဆုံးသတိပြုမိပါတယ်။ ကွင်းလယ်မှာ အနီရောင်၊ အပြာရောင်နဲ့ အစိမ်းရောင်ဝတ်စုံတွေ ဆင်မြန်းထားတဲ့ မြန်မာအမျိုးသမီးငယ်တွေဟာ ဂျပန်နည်းပြတဦးနဲ့ မြန်မာနည်းပြတဦးရဲ့အနီးကပ် ကြီးကြပ်မှုအောက်မှာ လေ့ကျင့်နေတာ မြင်တွေ့ရပါတယ်။ [caption id="attachment_47106" align="alignleft" width="300"]အမျိုးသမီး ဖူဆယ်အသင်း နေပြည်တော် ဖူဆယ်အားကစားကွင်းမှာ လေ့ကျင့်နေစဉ် အမျိုးသမီး ဖူဆယ်အသင်း နေပြည်တော် ဖူဆယ်အားကစားကွင်းမှာ လေ့ကျင့်နေစဉ်[/caption]ဖူဆယ်အားကစားနည်းဟာ ကွင်းငယ်မှာ ယှဉ်ပြိုင်ရတဲ့ ဘောလုံးအားကစား ဖြစ်ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ နှစ်ကြိမ် ပြိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါ တတိယအကြိမ်မှာ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဖူဆယ်အားကစားနည်းကို နိုင်ငံ ၅ ခုက ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ နှစ်ကြိမ် ယှဉ်ပြိုင်တဲ့အတွေ့အကြုံ ရှိပြီး ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ အင်ဒိုနီးရှားဆီးဂိမ်းမှာ တတိယဆု ရရှိခဲ့ပါတယ်။ အခု တတိယအကြိမ်မှာ အိမ်ရှင်အဖြစ် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အသင်း ၁ သင်းမှာ ကစားသမား ၄ ဦးနဲ့ ဂိုးသမား ၁ ဦး စုစုပေါင်း ၅ဦးဖြင့် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အရန်အားကစားသမားတွေ အပါအ၀င်ဆိုရင်တော့ ၁၂ ဦးကနေ ၁၄ ဦးထိ စုဖွဲ့ ထားပါတယ်။ ပထမပိုင်း မိနစ် ၂၀ ကစားရပြီး အားလပ်ချိန် ၁၅ မိနစ်ပေးပါတယ်။ နောက်ထပ် မိနစ် ၂၀ ထပ် ကစားရပါတယ်။ ဘောလုံးအသင်းကြီးတွေလို မဟုတ်ဘဲ အရံကစားသမားတွေကို ကြိုက်သလို လဲလှယ် ကစားနိုင်ပါတယ်။ အရင် ပြိုင်ပွဲအတွေ့အကြုံတွေအရ မြန်မာအမျိုးသမီးအသင်းဟာ တိုက်စစ်မှာ အားကောင်းပြီး ခံစစ်ပိုင်းအနည်းငယ် အားပျော့တယ်လို့ မြန်မာနည်းပြ ဦးဌေးမြင့်က ပြောပါတယ်။ အဲဒီအားနည်းချက်ကို လက်ရှိ တာဝန်ယူနည်းပြနေတဲ့ ဂျပန်နည်းပြက စနစ်တကျ သင်ကြမားပြသတဲ့အတွက် အားကောင်းချက်အဖြစ် ပြောင်းလဲလာပြီ ဖြစ်တယ်လို့ ပြောပါတယ်။ “အများကြီး ပြောင်းလဲ ထားပါတယ်။ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာလည်း ဗီယက်နမ်အသင်းကို ၂ ဂိုး ဦးဆောင်ထားပြီးမှာပဲ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးသွားတာလေ။ အဲဒီမှာ ကျနော်တို့ရဲ့ အားနည်းချက်တွေကို ခွေတွေ သေသေချာချာ ပြန်ကြည့်ပြီးတော့ အကုန်လုံးကို ပြုပြင်ထားပါတယ်။ တိုက်စစ်ပိုင်းက တော်တော်လေးကို ကောင်းပါတယ်။ ပွဲတိုင်းလည်း ဂိုးရတယ်။ အခု ခံစစ်ပိုင်းလေးက နည်းနည်း အားနည်းတာကို ဂျပန်နည်းပြက နေ့တိုင်း နေ့တိုင်း ခံစစ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေပါတယ်။ အဓိက ပြိုင်ဘက်က ဗီယက်နမ်နဲ့ ယိုးဒယားပဲလေ။ အဲဒီ ၂ သင်းကို ကျော်ဖြတ်နိုင်ရင် ကျနော်တို့ ချန်ပီယံ ဖြစ်မှာပါ။” မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ မနှစ်တုန်းက ဗီယက်နမ်အသင်းကို ဦးဆောင်ဂိုးတွေ ရရှိခဲ့ရာကနေ ရှုံးနိမ့်ခဲ့တဲ့ အတွေ့အကြုံ ရှိတာကြောင့် ဒီဆီးဂိမ်းမှာ အဲဒီရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့ မြန်မာအားကစားသမားတွေက ကြိုးပမ်းနေကြပါတယ်။ ငယ်စဉ် ၁၂ နှစ်ကတည်းက ဘောလုံးလောကမှာ ကျင်လည်ခဲ့ပြီး ဖူဆယ် အားကစားနည်းဘက်ကို ပြောင်းလဲကစားလာတဲ့ နောက်တန်းကစားသမား နန်းခမ်းမူက ဆီးဂိမ်းမှာ ကြုံရမယ့်အခြေအနေကို ခုလို ခန့်မှန်းပြောဆိုပါတယ်။ “တိုးတော့ တိုးတက်လာတယ်။ ပြီးခဲ့တဲ့ အကြိုဆီးဂိမ်းထက်စာရင် အခုလေ့ကျင့်နေတာ တော်တော်လေးကို ကောင်းလာတယ်။ အကြိုဆီးဂိမ်းကစားတာထက်စာရင် အများကြီး တက်လာတယ်။ ခံစစ်လည်း တက်လာတယ်။ တိုက်စစ်လည်း တက်လာတယ်။ နည်းပြဂျပန်ကြီးက ကြပ်ကြပ်မတ်မတ် သင်ပေးတယ်။ နိုင်မယ်လို့လည်း ယုံကြည်တယ်။ ဖိုင်နယ် တက်မယ်လို့လည်း ယုံကြည်တယ်။ ဗီယက်နမ်တသင်းလောက်ပဲ နိုင်အောင်ချရမှာ။ ဗီယက်နမ်နဲ့ ပွဲကို နိုင်ချင်တယ်။ သူတို့က စိတ်ဓာတ်နဲ့ ကစားတာ။ ကျနော်တို့လောက် စကေးက မရှိဘူး။ အခု ကျနော်တို့က စိတ်ဓာတ်နဲ့ ချမှာ။” လက်ရွေးစင်ဘ၀ကို ရောက်ရှိလာပုံကိုလည်း သူက ခုလိုပြောပါတယ်။ “၁၂ နှစ်သားကတည်းက ၀ါသနာပါပြီး ကန်တာ။ ၁၄ နှစ်မှာ တိုင်းနဲ့ ပြည်နယ်ပါတယ်။ ၁၈ နှစ်မှာ မန္တလေး အားကာ သိပ္ပံကို ရောက်တယ်။ မန္တလေး အားကာ သိပ္ပံမှာ အရွေးခံရပြီး လက်ရွေးစင်ကို ရောက်တယ်။” မြန်မာနိုင်ငံမှာ ဖူဆယ်အားကစားနည်းကို အမျိုးသမီးတွေအကြားမှာ ရေပန်းစားမှု နည်းပါးနေသေးပြီး လေ့ကျင့်ကစားရမယ့်ကွင်းတွေလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန်အမင်း အားနည်းနေတာ ဖြစ်ပါတယ်။ ဖူဆယ်အားကစားနည်း ထွန်းကားတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဖူဆယ်အားကစားဘောလုံးကွင်းငယ်တွေကို နေရာအနှံမှာ တွေ့မြင်နိုင်သလို ကုန်တိုက်တွေပေါ်မှာလည်း တခမ်းတနား နေရာပေးပြီး အားပေးအားမြှောက် ပြုကြပါတယ်။ မြန်မာအမျိုးသမီးဖူဆယ်အသင်းရဲ့ ခေါင်းဆောင်လည်းဖြစ် ရှေ့တန်းတိုက်စစ်မှူးလည်း ဖြစ်တဲ့ မေသဲဖြူက “ပရိသတ်ကလည်း ကျနော်တို့ရဲ့ အင်အားပဲဗျ။ ပရိသတ်များလေ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ တက်ကြွလေပါပဲ။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပရိသတ်ရဲ့အင်အားကို ပေါင်းမယ်ဆိုရင် နံပတ် ၁ ပဲပေါ့ဗျာ။” လို့ ပြောပါတယ်။ ကွင်းတွေနဲ့ ကွင်းရုံတွေ ရှိလာရင် ဒီကစားနည်းကို ကစားလာကြမှာ ဖြစ်ကြောင်းနဲ့ လူသိများလာမှ ကစားသမားများမယ်။ ကစားသမားများမှ အောင်မြင်တိုးတက်မှုတွေ ရှိလာမယ်လို့လည်း သူက ပြောပါတယ်။ ဖူဆယ်အားကစားပွဲတွေကို ဇန်န၀ါရီ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ နေပြည်တော် ဖူဆယ်အားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး အမျိုးသားအသင်းအတွက် ရွှေတံဆိပ် ၁ ဆုနဲ့ အမျိုးသမီးအသင်းအတွက် ရွှေတံဆိပ် ၁ ဆုစီ ချီးမြှင့်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up