ရေးမြို့နယ် ကနင်ကမော့ကျောင်းရှေ့တွင် ဗုံးကွဲ
DVB
·
June 20, 2021
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျောင်းရှေ့မှာ ဇွန် ၂၀ ရက် နေ့ခင်းက ဗုံးပေါက်ကွဲမှု ၁ ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲချိန်မှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိမရှိတော့ မသိရသေးပါဘူး။ ရေးမြို့နယ်အတွင်း အခုလို စာသင်ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာ ဇွန်လ အတွင်းမှာပဲ ၃ ကြိမ်ရှိခဲ့တာပါ။
ရေးမြို့နယ်အတွင်း ပညာရေးဌာန၊ စစ်တပ်နေရာနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ၁၄ ကြိမ်အထိ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်လို့ တာဝန်ခံပြောဆိုထားတာ မရှိသေးပါဘူး။