ကျွန်စနစ်အဆုံးသတ်အထိမ်းအမှတ် အားလပ်ရပ်သစ် အမေရိကန်တွင် ကျင်းပ

အမေရိကန်ပြည်ထောင်စုမှာ လူမည်းတွေကို တရားဝင် ကျွန်ပြုမှု အဆုံးသတ်တဲ့ အထိမ်းအမှတ် ပြည်ထောင်စုအားလပ်ရက်အသစ်ဖြစ်တဲ့ Juneteenth အခမ်းအနားကို ဇွန် ၁၉ ရက်မှာ ကျင်းပပါတယ်။

လူမျိုးရေးဆိုင်ရာ တရားမျှတမှုကို ထင်ဟပ်တဲ့ ကောင်းချီးတွေကို ချီတက်ပွဲ ဂီတတီးဝိုင်းတွေက ဖော်ကျူး ခဲ့ကြပါတယ်။

 Juneteenth the eleventh အထိမ်းအမှတ်နေ့ကို ပြည်ထောင်စု အသိအမှတ်ပြု အားလပ်ရက်အဖြစ် သတ်မှတ်တဲ့ ဥပဒေမူကြမ်းကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတ ကာမာလာ ဟာရစ်တို့က ဇွန်လ ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

မီနီယာပိုလစ်စ်မြို့မှာ ဂျော့ချ် ဖလွိုက်ဒ် အသတ်ခံရအပြီး လူမျိုးရေး တရားမျှတမှု ရရှိ ရေးနဲ့ ရဲတွေရဲ့ ရက်စက်မှု အဆုံးသတ်ရေး ပြည်လုံးကျွတ်ဆန္ဒပြပွဲတွေ ပေါ်ပေါက်အပြီး တစ်နှစ်ကျော် အကြာမှာ ခုလို ဥပဒေပြုခဲ့တာပါ။

အမေရိကန်ပြည်တွင်းစစ် အဆုံးသတ်အပြီး ၁၈၆၅ ခုနှစ် ၊ ဇွန် ၁၉ ရက်မှာ သမ္မတ အေဘရာဟင်မ် လင်ကွန်းက ကျွန်စနစ် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up