Home
မြန်မာသတင်း
မီးရှို့ဖျက်ဆီးခံရသည့် ကင်းမရွာပြည်သူများအတွက် အရေးပေါ် လှူဒါန်းနိုင်
DVB
·
June 20, 2021

အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ကင်းမရွာ ပြည်သူတွေအတွက် အရေးပေါ်လှူဒါန်းနိုင်ဖို့ Clean Yangon အဖွဲ့က နှိုးဆော်ထားပါတယ်။

အိမ်ခြေ ၂၄၀ ရှိတဲ့ ကင်းမရွာမှာ ရွာလုံးကျွတ်နီးပါးမီးလောင်ခဲ့ပြီး မီးဘေးသင့်ပြည်သူစုစုပေါင်းကတော့ ၆၂၃ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ မီးဘေးမှ လွတ်ကင်းတယ်ဆိုပေမယ့် မီးဘေးသင့်သူရော မသင့်သူပါ တရွာလုံး ဒုက္ခရောက်နေကြတာလို့ Clean Yangon အဖွဲ့က ဆိုပါတယ်။

လတ်တလော အရေးတကြီး လိုအပ်ချက်တွေထဲမှာတော့ အခင်းဖျာ၊ စောင်၊ ပုဆိုး၊ ခြင်ထောင်၊ ကလေးဝတ်အင်္ကျီ၊ အမျိုးသမီးအဝတ်အထည်၊ ဆိုလာ၊ ဘက်ထရီ တို့ဖြစ်ပြီ လိုအပ်ချက်ထဲက တချို့ကို လှူဒါန်းဖို့ ကူညီလုပ်ကိုင်ပေးနေတဲ့ ဆရာတော်ဆီ ငွေကြေး တချို့ လွှဲထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထားစရာနေရာအခက်အခဲကြောင့် ပစ္စည်းထက်  အလှူငွေ လိုအပ်နေတာဖြစ်ပြီး စေတနာရှင်တွေကိုယ်စား တအိမ်ထောင်ကို ကျပ် ၃၀၀၀၀ နှုန်းနဲ့ ငွေ သားသီးသန့် ကူညီသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ကျေးရွာ ပြန်လည်ထူထောင်ရေးမှာတော့ ငွေကျပ်သိန်း ၃၀ ဆိုရင် တန်ဖိုးသင့် လူ နေအိမ်ကောင်းကောင်းတလုံး ရနိုင်တာမို့ နေအိမ်လှူချင်တဲ့ စေတနာရှင်တွေ၊ ပရဟိတအသင်းတွေ ရှိရင်လည်း Clean Yangon အဖွဲ့က ကူညီပေးနေတဲ့ ဒေသခံဆရာတော်နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024