မွန်ပြည်နယ်မှာ ဇွန်လ ၁၉ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅ ယောက် စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ရောဂါပိုးတွေ့ရှိမှုအရ မော်လမြိုင်မြို့နယ်က ၃၈ ယောက် ၊ သံဖြူဇရပ်မြို့နယ်က အယောက် ၂၀ ၊ သထုံမြို့နယ်က ၇ ယောက် စုစုပေါင်း ၆၅ ယောက် ရောဂါပိုး ကူးစက်ခံလိုက်ရတာပါ။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေကို မော်လမြိုင်ဆေးရုံကြီး သီးသန့်ဆောင် Isolation 1 နဲ့ 3 မှာ စောင့်ကြည့်ကုသပေးနေပြီးလို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်အတွင်း ကိုဗစ်၁-၉ အတည်ပြုလူနာ အယောက် ၁၀၀ ကျော်ထိ တွေ့ရှိခဲ့တာပါ။
ဇွန်လ ၁၉ ရက်နေ့ထိ ကိုဗစ်-၁၉ တည်ပြုလူနာ အယောက် ၁၃၀ ကျော်ထိ မွန်ပြည်နယ်မှာ ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ၅ ဦး သေဆုံးထားပါတယ်။