အီရန်နျူးကလီယားသဘောတူညီချက်ကို ချည့်နဲ့အောင်မလုပ်ဖို့ အစ္စရေးကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ြဗိတိန်နိုင်ငံြခားေရး၀န်ြကီး ၀ီလီယံဟိတ်
အစ္စရေးအနေနဲ့ လက်ရှိ အီရန်နဲ့ ရထားတဲ့ နျူးကလီးယားသဘောတူညီချက်ကို အားနည်းစေမယ့်လုပ်ရပ်မျိုးတွေ မလုပ်သင့်ဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က ပြောကြားလိုက်ပါတယ်။ [caption id="attachment_47072" align="alignright" width="300"] ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟိတ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟိတ်[/caption]ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လက်ရှိ ယာယီသဘောတူညီချက်ကို အခွင့်အရေးပေးဖို့ တိုက်တွန်း ထားပါတယ်။ ဒီကိစ္စအပေါ်မှာ သဘောမတူနိုင်တဲ့နိုင်ငံတွေကိုလည်း နားလည်မှုပေးဖို့ အရေးကြီး ပါတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟိတ်က ဆိုပါတယ်။ အစ္စရေးအပါအ၀င် အခြားနိုင်ငံတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဝေဖန်ပြောဆိုဖို့ တိုက်တွန်း ခဲ့သေးပါတယ်။ “အစ္စရေးအပါအ၀င် ဘယ်သူဖြစ်ဖြစ် လက်ရှိ ရထားတဲ့သဘောတူညီမှုကို သေးသိမ်စေမယ့် ဘယ်ကိစ္စကိုမှ မလုပ်ဖို့ တိုက်တွန်းပါတယ်။ တခြားပတ်သက်တဲ့သူ တွေကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သဘောပေါက်အောင် လုပ်ရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အခု ရရှိထားတဲ့ ယာယီသဘောတူညီချက်ကို “သမိုင်းဝင်မယ့်အမှား”လို့ ဝေဖန်ခဲ့တာကြောင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အခုလို ဗြိတိန်ပါလီမန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် နေတန်ယာဟုက ဒ်ီကိစ္စတွေနဲ့ ပတ်သက်ပြီး စကားပြောဖို့ သူ့ရဲ့ အကြံပေး တယောက်ကို အမေရိကန်နိုင်ငံကို စေလွှတ်ထားပါတယ်။ ပြီးပြည့်စုံတဲ့ နျူးကလီးယားသဘောတူညီချက်ကို ဒီနှစ်ထဲမှာပဲ ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ၀ီလီယံဟိတ်က ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up