ယူကရိန်းနိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်

နိုဝင်ဘာ ၂၅ ရက်က အီးယူနဲ့ ပူးပေါင်းရေး ထောက်ခံဆန္ဒပြသူတွေနဲ့ ရဲတွေ နောက်ထပ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ယူကရိန်းသမ္မတ ယာနူကိုဗစ်(Yanukovich)က ရုပ်မြင်သံကြားမိန့်ခွန်းမှာ “အီးယူနဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုဖို့ဟာ အခက်အခဲ ရှိခဲ့ပါတယ်။ အီးယူနဲ့ စီးပွားရေးစာချုပ် မချုပ်နိုင်သေးပေမယ့် ယူကရိန်းနိုင်ငံကိုတော့ အီးယူရဲ့ စံချိန်စံညွန်းတွေအတိုင်းပဲ ဖြစ်စေရပါမယ်လို့” ကတိပေးခဲ့ပါတယ်။ Ukarain 1အခုလို ဆုံးဖြတ်ခဲ့ရတာဟာလည်း နိုင်ငံရဲ့ လက်တလောစီးပွားရေးအခြေအနေကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။ သမ္မတက အခုလို မိန့်ခွန်းပြောပြီးတာနဲ့ ကိဗ်မြို့ရဲ့ ဥရောပရင်ပြင်မှာ ရဲတွေက ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေ ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းအတိုက်အခံခေါင်းဆောင် ဗီတလီ ကလစ်ရှ်ကို (Vitaly Klitschko) ကတော့ ယူကရိန်းနိုင်ငံရဲ့ အနာဂတ်အတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ ပြောပါတယ်။ “တိုက်ပွဲဝင်ဖို့ မကြောက်တဲ့သူတွေ၊ အလုပ်လုပ်တဲ့သူတွေ၊ နိုင်ငံချစ်စိတ်ရှိတဲ့သူတွေ၊ ကိုယ့်အနာဂတ်အတွက် တိုက်ရဲတဲ့သူတွေပဲ အောင်ပွဲရမှာ။ တိုက်ပွဲမရှိရင် အောင်ပွဲ မရှိပါဘူး။ ယူကရိန်းနိုင်ငံဟာ ဥရောပနိုင်ငံ ဖြစ်တယ်ဆိုတာ သက်သေပြရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ထောင်ချခံနေရတဲ့ အတိုက်အခံခေါင်းဆောင် တိုင်မိုရှင်ကို (Tymoshenko)ကတော့ သမ္မတ ယာနူကိုဗစ်ကို အီးယူနဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြမယ်လို့ ပြောပါတယ်။ အီးယူနဲ့ ကုန်သွယ်ရေးစာချုပ်ကိစ္စ မတိုင်ခင်က အီးယူကိုယ်စားလှယ်တွေက အတိုက်အခံ ခေါင်းဆောင် တိုင်မိုရှင်ကို ကို ပြန်လွှတ်ပေးဖို့ ဆွေးနွေး ညှိနှိုင်းခဲ့ကြပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up