လီဟာ ဆိုင်ကလုန်းမုန်တိုင်း အားကောင်းလာ၊ မိုးဇလ ဦးချစ်ကျော်နှင့် အင်တာဗျူး
DVB
·
November 26, 2013
နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၂ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း လီဟာ (Lehar)ဟာ ကိုကိုကျွန်း အနောက်တောင်ဘက် မိုင် ၁၈၀ အကွာမှာ တိုက်ခတ်နေပြီးတော့ အားအလွန်ကောင်းတဲ့ အခြေအနေ ရှိသလို လက်ရှိ အားလုံးသော မိုးလေ၀သဌာနက လမ်းကြောင်း ပြောင်းနိုင်တဲ့အတွက် ဘယ်ကမ်းခြေကို ဖြတ်မယ်ဆိုတာ မပြောတော့ဘူလို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဦးချစ်ကျော်က ပြောပါတယ်။
မြန်မာပင်လယ်ငါးဖမ်း လုပ်ငန်းရေပြင်မှာ လုပ်ကိုင် ဆောင်ရွက် နေတဲ့ ကမ်းနီးငါးဖမ်း လှေတွေနဲ့ ကမ်းဝေးငါးဖမ်းလှေတွေက မုန်တိုင်းအန္တာရာယ်ကနေ ရှောင်ရှားနိုင်ဖို့လည်း သတိပေးနေပါတယ်။
မုန်တိုင်းနဲ့ ပတ်သက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဦးချစ်ကျော်က အခုလို ပြောပြပါတယ်။
အပြည့်အစုံ နားဆင်နိုင်ပါတယ်။