ရန်ကုန်၊ လှိုင်သာယာမြို့နယ် City Mart နားမှာ ဇွန် ၁၈ ရက် နေ့လယ်ပိုင်းက ဗုံးတွေ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
City Mart အနီးမှာ နေ့လယ် ၂ နာရီ ၃၅ မိနစ်လောက်က တစ်ကြိမ်၊ ၂ နာရီ ၅၀ လောက်က တစ်ကြိမ်၊ ၂ နာရီ ၅၃ မိနစ်လောက်က တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ဗုံးထပ်ဆင့်ပေါက်ကွဲခဲ့ဖြစ်ပြီး ဗုံးပေါက်ကွဲချိန်တွေဟာ အချိန်မကွာဘူးလို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
ညနေပိုင်းမှာလည်း ပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပွားနေပြီး ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ထိခိုက်မှု အခြေအနေတော့ မသိရသေးပါဘူး။
လှိုင်သာယာမြို့နယ် အမှတ် (၁၉)ရပ်ကွက် ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးမောင်ထွန်ဟာလည်း ဒီမနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီးလူကိုတော့ ထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။