Thursday, June 8, 2023
HomeLead Storyနီပေါတွင် ရုတ်တရက် ရေကြီး၊ လူ ၇ ဦး သေဆုံး

နီပေါတွင် ရုတ်တရက် ရေကြီး၊ လူ ၇ ဦး သေဆုံး

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးလို့ လူ ၇ ယောက်သေဆုံးပြီး နိုင်ငံခြားသား ၆ ယောက် အပါအဝင် လူအယောက် ၂၀ ထက် မနည်း ပျောက်နေပါတယ်။

ဒါကြောင့် အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဇွန် ၁၆ ရက်မှာ ဆောင်ရွက်နေပါတယ်။ ပျောက်ဆုံး နိုင်ငံခြားသားတွေဟာ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက လူတွေလို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ကယ်ဆယ်ရေးနဲ့ ဘေးကင်းရာ ရွှေ့ပြောင်းနေရာချထားရေးအတွက် ကူညီဖို့ အရင်းအမြစ်တွေကို အစိုးရက ထိထိရောက်ရောက် အသုံးချ ပြီးပါပြီ။

ရေမြုပ်အိမ်တွေထဲမှာ ပိတ်မိနေတဲ့ လူတွေကို စစ်ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ရပြီး မေလမ်ချီဒေသက လူတော်တော် များများကိုလည်း သူတို့ပိုင်ဆိုင်မှုတွေနဲ့အတူ ကုန်းမြင့် ဒေသဆီ ရွှေ့ပြောင်းခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

နီပေါနိုင်ငံထဲမှာ နာရာယာနီလို့ ခေါ်ပြီး အိန္ဒိယနိုင်ငံထဲ စီးဝင်တဲ့အခါ ဂန်ဒတ်လို့ ခေါ်တဲ့ မြစ်တလျှောက် နေထိုင်ကြသူတွေအတွက် မြစ်ရေက အန္တရာယ် ရေမှတ်အထက်မှာ စီးဆင်းနေလို့ နိုးနိုးကြားကြား နေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

 နှစ်စဉ်ဝင်နေကျ မုတ်သုန်ရာသီ စပြီဖြစ်လို့ နီပေါနဲ့ ဘူတန်နိုင်ငံတွေမှာ ကျန်ခဲ့တဲ့ ၃ ရက်က မိုးအကြီးအကျယ် ရွာခဲ့တဲ့အတွက် ရေကြီးနေခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular