Live
Home
မြန်မာသတင်း
မြန်မာစစ်တပ်က လူ့အသက်များကို လုံးဝဂရုမစိုက်ဟု အမေရိကန်သံရုံး ထုတ်ပြန်
DVB
·
June 17, 2021

မြန်မာအာဏာသိမ်းစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက မကွေးတိုင်းအတွင်းက ရွာတစ်ရွာကို ရွာလုံးကျွတ်ပြာကျတဲ့အထိ မီးရှို့ခဲ့တဲ့ လုပ်ရပ်ဟာ စစ်တပ်က လူ့အသက်ကို လုံးဝဂရုမစိုက်ကြောင်း ဆက်လက်ပြသနေတာဖြစ်တယ်လို့ အမေရိကန် သံရုံးက ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ ကင်းမရွာကို ဇွန် ၁၆ ရက်ညက တိုက်ခိုက်ခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့လို့ သက်ကြီးရွယ်အို အနည်းဆုံး ၂ ယောက် သေဆုံးခဲ့ရပြီး ဒီလို ကြောက်မက်ဖွယ်လုပ်ရပ်တွေဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ ဘာသာတရားတွေအားလုံးအပေါ် စစ်တပ်က အရင်က ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက် စက်မှုတွေနဲ့ တစ်သတ်မတ်တည်းဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ခုလို ကင်းမရွာကို အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲ့တာနဲ့ ပတ်သက်ပြီး ဗြိတိန်သံရုံးကလည်း စစ်တပ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေကို ဆက်လက်ကျူးလွန်နေကြောင်းနဲ့  မြန်မာပြည်သူတွေအပေါ် အလေးထားမှုမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024