နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေ၊ တော်လှန်ရေးသူရဲကောင်းတွေအတွက် ရည်ရွယ်တဲ့ ပန်းသပိတ်မှာ အားလုံး ပါဝင်နိုင်ဖို့ နှိုးဆော်ထားပါတယ်။
ဒီသပိတ်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ လာမယ့် ဇွန် ၁၉ ရက် မှာ ပြုလုပ်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အိမ်ရှေ့တိုင်းမှာ ဘယ်လိုပန်းအမျိုး အစားမဆို ထိုးပြီး ပါဝင်နိုင်သလို အမျိုးသမီးတွေ ပန်းပန်တာမျိုး၊ အမျိုးသားတွေရဲ့ ရင်ဘတ်မှာ ပန်းတွေထိုးတာမျိုး၊ နေအိမ်တွေရှေ့ ပန်းအိုးချထားတာ၊ ပန်းတွေချိတ်ထားတာ စသဖြင့် ဘယ်လိုပုံစံနဲ့မဆို ပါ၀င်နိုင်ကြမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံဘဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၄ လခွဲကျော်လာခဲ့ပြီဖြစ်ကာ လတ်တလောအချိန်အထိ ကျဆုံးသူပေါင်း ၈၆၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။