ဘုန်းကြီးပျံပွဲတွင် စစ်အာဏာရှင်ဆန့်ကျင် သပိတ်ပြုလုပ်
DVB
·
June 17, 2021
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘိန်းနွယ်ချောင်ကျေးရွာမှာ ဇွန်လ ၁၇ ရက်နေ့က ရွာဦးကျောင်းဆရာတော်ရဲ့ ဈာပန အခမ်းအနားမှာ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင် သပိတ် ပြုလုပ်ခဲ့ပါတယ်။
သက်တော် (၈၁) နှစ် သိက္ခာတော် (၅၇)ဝါ ရှိတဲ့ သီရိဇေယျာဘုံပျံကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ လာဘမထေရ်မြတ် ဆရာတော်ဘုရားရဲ့ ဈာပနအခမ်းအနားမှာ ဒေသခံ ပြည်သူတွေက မိမိတို့ ကျရာတာဝန်ထမ်းဆောင်ရင်း စစ်အာဏာရှင်တော်လှန်ရေးကိုပါ လုပ်ဆောင်ခဲ့ကြတာပါ။