ဂျာမနီနဲ့ ပြင်သစ်အသင်းတို့ မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ယူရို ၂၀၂၀ ဘောလုံး ပွဲစဉ်မှာ ဂျာမန် နောက်ခံလူရူဒီဂါက နောက်ကျောကို သွားနဲ့ ကိုက်ခဲ့တယ်လို့ ပြင်သစ်ကွင်းလယ်လူပေါ့ဘာက ပြောပါတယ်။
ပွဲချိန် အတွင်းမှာ ရူဒီဂါက ပေါ့ဘာရဲ့ နောက်ကျောကို ကိုက်ခဲ့တာကို ရုပ်သံအနှေးပြကွက်တွေမှာလည်း မြင်တွေ့ရ ပါတယ်။
ပေါ့ဘာဟာ နောက်ကျောကို အကိုက်ခံရအပြီးမှာ ကွင်းလယ်ဒိုင်ကို အသိပေးခဲ့ပေမယ့် ဒိုင်လူကြီးက တစ်စုံတစ်ရာအရေးယူတာတော့ မပြုလုပ်ခဲ့ပါဘူး။
“သူ ကျနော့်နောက်ကျောကို နည်းနည်းကိုက်ခဲ့ပါတယ်။ အဲဒီလိုခံစားရလို့လည်း ဒိုင်လူကြီးကို သွားပြောခဲ့တာပါ။ ဒါပေမဲ့ အဝါတွေ အနီတွေပြဖို့အတွက် သွားပြောတာတော့မဟုတ်ပါဘူး။ သူ့ကို ဘာကတ်မှ မပြသခဲ့သလို ပွဲပယ်ခံရ တာတွေလည်းမဖြစ်စေချင်ပါဘူး။ ပွဲအပြီးမှာ ကျနော်တို့ ပွေ့ဖက်ခဲ့ကြပြီး ဒီကိစ္စက ပြီးဆုံးသွားခဲ့ပါပြီ” လို့ ပေါ့ဘာက ပွဲအပြီးမှာ ပြောပါတယ်။
ဒီပွဲမှာ ပြင်သစ်က ဂျာမနီကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ပေါ့ဘာက ဒီပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတုန်းကလည်း ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က အီတလီနောက်ခံလူ ချီလီနီရဲ့ ပုခုံးကို ကိုက်ခဲ့ဖူးပါတယ်။ အဲဒီအတွက် ဆွာရက်ဇ်ကို ၄ လ ပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၆၀၀၀၀ ကျော် ဒဏ်ရိုက်ခဲ့ဖူးပါတယ်။