Sunday, May 28, 2023
HomeLead Storyပေါ်တူဂီနှင့် ပြင်သစ် နိုင်ပွဲရပြီး ဂျာမနီရှုံးပွဲတွေ့

ပေါ်တူဂီနှင့် ပြင်သစ် နိုင်ပွဲရပြီး ဂျာမနီရှုံးပွဲတွေ့

ဇွန်လ ၁၅ ရက်ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ  အုပ်စု (F) အဖွင့်ပွဲစဉ်မှာ  ပေါ်တူဂီက ဟန်ဂေရီကို ၃ ဂိုးပြတ်အနိုင်ရပြီး ပြင်သစ်က ဂျာမနီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ 

ပေါ်တူဂီနဲ့ ဟန်ဂေရီပွဲစဉ်မှာ ပေါ်တူဂီက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေပါ ပိုရခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းပွဲချိန် ၈၄ မိနစ်မှာမှ ဂူရာရီရိုက အဖွင့်ဂိုးသွင်းနိုင်ခဲ့ကာ စီရော်နယ်ဒိုက ပွဲချိန် ၈၇ မိနစ်မှာ တစ်ဂိုး၊ ပွဲချိန်မိနစ် ၉၀ အပြီး နာကျင်အချိန်ပိုမှာ ပင်နယ်တီ တစ်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ၂ ဂိုးသွင်းပြီး အကောင်းဆုံးဘောလုံးသမားဆုရခဲ့တဲ့  စီရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲမှာ ၅ ကြိမ်မြောက် ပါဝင်ကစားခဲ့တဲ့ ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သလို ယူရိုပြိုင်ပွဲတလျှောက် သွင်းဂိုးပေါင်းစုစုပေါင်း ၁၁ ဂိုးရှိလာပြီး ယူရိုပြိုင်ပွဲတိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တယ်လို့ ရေပန်းစားနေတဲ့ နာမည်ကြီး ပြင်သစ်နဲ့ ဂျာမနီတို့ပွဲစဉ်မှာတော့ ပြင်သစ်က ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ဂျာမနီက ပြင်သစ်ထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေပါ ပိုရခဲ့ပေမဲ့ မိနစ် ၂၀ မှာ ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ပေးလိုက်ရတဲ့ ဂိုးနဲ့ပဲ ဂျာမန်အသင်း အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ပြင်သစ်လက်ရွေးစင် မန်ယူကစားသမား ပေါ့ဘာက ရရှိသွားပါတယ်။ 

ဒီကနေ့ ဇွန်လ ၁၆  ရက်မှာတော့  အုပ်စု (A) က တူရကီနဲ့ ဝေလ်း၊  အီတလီနဲ့ ဆွစ်ဇာလန်၊   အုပ်စု (B) က ဖင်လန်နဲ့ ရုရှားအသင်းတွေ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular