မကွေးတိုင်းဒေသကြီး၊ စလေမြို့မှာ ဇွန် ၁၅ ရက် မနက်က အသံကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ လူနေအိမ်တွေပါ တုန်ခါသွားတယ်လို့ မြို့ခံပြည်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက် စလေမြို့ပေါ်ကနေ တပ်မတော်လေယာဉ် ၁ စင်း ဖြတ်သန်းပျံသွားပြီး မိနစ်အနည်းငယ်အကြာမှာ မြို့အခြေစိုက် ခမရ ၄၁၆ တပ်ရင်းအနီး ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်ခဲ့တာပါ။
ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူတွေ ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိနဲ့ အဆောက်အဦတွေ ပျက်စီးမှု ရှိ၊ မရှိ မသိရသေးပါဘူး။
မနေ့ မနက်ပိုင်းကလည်း စလေမြို့ပေါ်ကနေ ရဟတ်ယာဉ်တစ်စီး အမြင့်ပေ ၂၀၀ အထက်ကနေ ဧရာဝတီမြစ်ကမ်းအတိုင်း ပျံသန်းသွားခဲ့ပါတယ်။