အင်ဒိုနီးရှားနိုင်ငံ စီနာဘန်မီးတောင် လှုပ်မှုဖြစ်

အင်ဒိုနီးရှားနိုင်ငံမှာ ၂၄၆၀ မီတာ အမြင့်ရှိတဲ့ စီနာဘန်မီးတောင်ဟာ ဒီမနက်မှာ ပေါက်ကွဲတာကြောင့် မီးတောင်နဲ့ ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေးစင်တာက အန္တရာယ်ရှိ အဆင့်အဖြစ် အမြင့်ဆုံးအဆင့် သတ်မှတ်လိုက်ပါတယ်။ Indo Vocalnoစီနာဘန်မီးတောင် စောင့်ကြည့်လေ့လာရေးစခန်းရဲ့ တာဝန်ခံ အာရ်မန် ပူထရာ (Armen Putra) က “ဒီမနက် ၇ နာရီ ၃၈ မိနစ်က စပြီး ပေါက်ကွဲတာပါ။ မီတာ ၂၀၀၀ အကျယ်ရှိတဲ့ ပြာတိုက်ကြီးဟာ အရှေ့တောင်ဘက်မှာ ရှိတဲ့ ဘရစတာဂျီမြို့ကို ရွေ့လျားနေပါတယ်။” လို့ သတင်းထောက်တွေကို ပြောပါတယ်။ အစိုးရကတော့ ရွှေ့ပြောင်းလာတဲ့ရွာသားတွေအတွက် ယာယီတဲတွေ ဆောက်လုပ်ထားပေးပါတယ်။ “မီးတောင်ရဲ့ ၅ ကီလိုမီတာအတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေကိုတော့ သတိနဲ့ နေထိုင်ဖို့ ပြောထားပါတယ်။ မီးတောင်ပေါက်ကွဲတဲ့ အရှေ့ဖက်ခြမ်းက လူတွေကတော့ ရွှေ့ကို ရွှေ့ရပါမယ်။ ဒီ မီးတောင်ပေါက်ကွဲမှုကို ဒေသခံတွေ မစိုးရိမ်ကြဖို့လည်း ပြောထားပါတယ်”လို့ တာဝန်ခံ အာရ်မန် ပူထရာက ဆက်ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်နဲ့ မီးတောင်လှုပ်ရှားမှုတွေအဖြစ် များတဲ့ “ပစိဖိတ်ငလျင်ကြော”ပေါ်မှာ ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါင်း ၁၃၀ ရှိတာကြောင့် ကမ္ဘာပေါ်မှာ မီးတောင် အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up