အီဂျစ်နိုင်ငံမှာ လူထုစုရုံးခွင့် ကန့်သတ် ဥပဒေသစ်ကို သမ္မတ လက်မှတ်ထိုး

အီဂျစ်နိုင်ငံမှာ လူထုစုရုံးခွင့်ကို ကန့်သတ်တဲ့ ဥပဒေသစ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက် တနင်္ဂနွေနေ့မှာ သမ္မတက လက်မှတ်ထိုး လိုက်ပါတယ်။ ဒါဟာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြားဖြတ်အစိုးရရဲ့ ဒီမိုကရေစီအပေါ် သဘောထားနဲ့ ပတ်သက်လို့ နောက်ထပ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဥပဒေသစ်ကို နိုင်ငံပိုင်မီဒီယာက ကြေညာတဲ့အချိန်မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမား ထောင်ပေါင်းများစွာ ကိုင်ရိုမြို့နဲ့ တခြားမြို့တွေမှာ စုရုံးပြီး ဆန္ဒပြကြပါတယ်။ ကြားဖြတ်အစိုးရက ဒီလို ခြေလှမ်းမျိုး လှမ်းမယ်ဆိုတာကို ကြိုတွက်ထားပြီးသားပါလို့ ဖြုတ်ချခံထားရတဲ့ သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသူတွေက ပြောပါတယ်။ Cairo 1ဥပဒေသစ်အရ လူထုစုရုံးပွဲတွေ လုပ်မယ်ဆိုရင် ရဲဆီက ကြိုတင် ခွင့်ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။ ဥပဒေသစ်ကို ကြားဖြတ်သမ္မတ အတ်ဒလီ မန်းဆိုးအနေနဲ့ လက်မှတ်မထိုးဘဲ ပယ်ချဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။ ဥပဒေဟာ အန္တရာယ်ရှိတဲ့ ခြေလှမ်း ဖြစ်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲ အကြိုကာလမှာ ဒီလို ဥပဒေမျိုးကို အတည်ပြုလိုက်ရင် လူထုစုရုံးပွဲတွေနဲ့ လူထု ဆွေးနွေးပွဲတွေ အနှောင့်အယှက် ဖြစ်စေလိမ့်လို့ ထောက်ပြကြပါတယ်။ သမ္မတ အတ်ဒလီမန်ဆိုးက ဥပဒေသစ်ကို လက်မှတ်ထိုးလိုက်တဲ့အချိန်ဟာ ပြန်ပြင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အဖွဲ့ဝင် ၅၀ ပါတဲ့ ကော်မတီက မဲခွဲ ဆုံးဖြတ်တော့မယ့် အချိန်လည်း ဖြစ်နေပါတယ်။ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်းကို လာမယ့် လတွေအတွင်းမှာ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုနိုင်ခဲ့ရင် လာမယ့်နှစ်အတွင်း လွှတ်တော်နဲ့ သမ္မတရွေးကောက်ပွဲတွေကို ကျင်းပဖို့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up