မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သထုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ သူ့ရဲ့ခင်ပွန်းတို့ကို သထုံမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်းပွန်ဖြစ်သူ သထုံမြို့နယ် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့ကို ဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့ လှုံ့ဆော်တာ၊ စစ်အာဏာရှင်ဆန္ဒပြပွဲ ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဇွန်လ ၁၁ ရက်နေ့မှာ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။
ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပြီးနောက် ကျိုက်မရောအကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရစဉ် တရားရင်ဆိုင်နေရတာပါ။ လက်ရှိမှာတော့ သူတို့ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
မိဘနှစ်ပါးလုံး ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင်ခံရတဲ့အတွက် အမှုအတွက် တရားခံပြ သက်သေတွေ တင်သွင်းသွားမယ်လို့ သမီးဖြစ်သူ မစုနိုဗယ်ထွန်းက ပြောပါတယ်။