နိုင်ဂျီးရီးယားနိုင်ငံတွင် သမ္မတကို ဆန့်ကျင်ဆန္ဒပြသူများ ပစ်ခတ်ဖမ်းဆီးခံရ

photo-Reuters

နိုင်ဂျီးရီးယားနိုင်ငံမှာ  ဇွန် ၁၂ ရက်က မြို့ကြီးတွေဖြစ်တဲ့ လာဂို့စ်နဲ့ အဘူဂျာတို့မှာ သမ္မတ မူဟမ်မာဒူဘူဟာရီကို ဆန့်ကျင်ကန့်ကွက်တဲ့ ဒီမိုကရေစီနေ့ဆန္ဒပြပွဲအတွင်း  လူအတော်များများကို ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

 ဒီမိုကရေစီနေ့ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က နိုင်ဂျီးရီးယားရဲ့ အရပ်သားအုပ်ချုပ်ရေးကို ပြောင်းလဲခဲ့တဲ့နေ့ကို အထိမ်းအမှတ် လုပ်တာဖြစ်ပါတယ်။ 

ရဲတွေက လူစုခွဲဖို့ လေထဲကို သေနတ်ပစ်ဖောက်ပြီး လူအုပ်ထဲကို မျက်ရည်ယိုဗုံးတွေ ပစ်နေတာကို ရိုက်တာသတင်းထောက်တွေ မြင်ခဲ့ရပြီး ဆန္ဒပြသူတွေကလည်း ပိုစတာတွေကိုင်ပြီး ဘူဟာရီ သွားတော့ ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ 

အဲဒီမြို့ ၂ မြို့မှာ လူ ရာဂဏန်းလောက်စီ စုရုံးပြီးတော့ ရဲအင်အားတွေ အပြည့်ချထားတာကို မြင်တွေ့ခဲ့ရပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံအနောက်မြောက်ဘက်မှာ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲ ငွေတောင်းခံတာတွေ၊ အရှေ့မြောက်ဘက်မှာ ဆယ်စုနှစ်ချီ အစ္စလာမ်မစ်သူပုန်တွေ သောင်းကျန်းတာတွေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက မြို့ကြီးလာဂို့စ်မှာ ဆန္ဒပြသူတွေအပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့မှုတွေ ကြောင့် တိုင်းပြည်မှာ လူတွေရဲ့ဒေါသဟာ အဆုံးစွန် ရောက်နေကြပါတယ်။ 

More News
Up