အစိုးရကို ဆန့်ကျင်ဆန္ဒပြသူ ၁ သိန်း ဘန်ကောက်မြို့တော်တွင် စုရုံး

ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူ ရှပ်ဝါဘက်သား ၁ သိန်းလောက်ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့က ဘန်ကောက်မြို့မှာ စုရုံး ဆန္ဒပြနေကြပါတယ်။ ၂၀၁၀ ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ဦးဆောင်တဲ့ အကြီးဆုံးဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။ Thailands၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ညီမ လက်ရှိ ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ၂၀၁၁ ရွေးကောက်ပွဲကို အနိုင်ရခဲ့တာဟာ ဆင်းရဲသားအလုပ်သမားနဲ့ တောနေလူတန်းစားကို ကိုယ်စားပြုတဲ့ ရှပ်နီဘက်တော်သားတွေက အောင်ပွဲခံခဲ့တာလို့ ဆိုပါတယ်။ အဲဒီတုန်းက အရေးနိမ့်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီဟာ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ၊ ဘုရင့်အတိုင်ပင်ခံတွေ၊ လူလတ်တန်းစား အမှုထမ်းအရာထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိရိုးဖလာလူချမ်းသာတွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ “သက်ဆင်ရဲ့လူတွေ အားလုံး၊ သက်ဆင်ရဲ့ နိုင်ငံရေးကို လုပ်နေတဲ့လူတွေ အားလုံး၊ နိုင်ငံရေးသမားတွေ အားလုံး ထိုင်းနိုင်ငံကနေ ထွက်သွားဖို့ လိုပါတယ်။ အဲတော့မှ ထိုင်းနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမှာပါ။”လို့ ယခင် ဒီမိုကရက်တစ်ပါတီရဲ့ အဖွဲ့ဝင် အဲကာနပ် ဖရွန်ပန် (Ekanut Phrompan) ဆိုပါတယ်။ ယခု ရှပ်ဝါဘက်တော်သားတွေ စုရုံးနေတဲ့နေရာနဲ့ ၁၅ ကီလိုကွာဝေးတဲ့ မြို့တဖက်ခြမ်းမှာ ရှပ်နီဘက်တော်သားတွေ ၄ သောင်းလောက်ကလည်း အစိုးရကို ထောက်ခံတဲ့ စုရုံးဆန္ဒပြပွဲတွေ ပြုလုပ် နေပါတယ်။ ယင်းလပ်ရှင်နာဝပ် ၀န်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ အထိုက်အလျောက် တည်ငြိမ်မှုတွေ ရှိခဲ့ပါတယ်။ မကြာသေးခင်က ၀န်ကြီးချုပ်ဟောင်းသက်ဆင်ကို ထိုင်းနိုင်ငံကို ပြန်လာခွင့်ကို အကျုံးဝင်စေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို လက်ရှိ ယင်းလပ်အစိုးရက တင်တယ်ဆိုပြီး ဆန္ဒပြပွဲတွေ ပြန်လည် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ယခုဆန္ဒပြပွဲတွေ ပြန်ဖြစ်ပွားလာတာဟာ စစ်တပ်က ဖြိုခွင်းလို့ လူ ၉၁ ဦး သေဆုံးခဲ့ရတဲ့ ၂၀၁၀ ရှပ်နီဆန္ဒပြပွဲတွေကို ပြန်လည် အမှတ်ရစေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up