Sunday, May 28, 2023
HomeLead Storyယူအေအီး အပါအဝင် ၅ နိုင်ငံ ကုလလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်ဖြစ်လာ

ယူအေအီး အပါအဝင် ၅ နိုင်ငံ ကုလလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်ဖြစ်လာ

ကုလသမဂ္ဂအထွေထွေညီလာခံဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်မယ့် ၂ နှစ်သက်တမ်းအတွက် အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ ဂါဘွန်း၊ ဂါနာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်အဖြစ်  ရွေးကောက်တင်မြှောက်လိုက်ပါတယ်။

 အဲ့ဒီ ၅ နိုင်ငံစလုံးဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိန်းသိမ်းပေးဖို့ တာဝန်ရှိတဲ့ အဖွဲ့ဝင် ၁၅ ဦး ပါဝင်တဲ့အဖွဲ့ထဲက နေရာအတွက် ယှဉ်ပြိုင်ကန့်ကွက်သူမရှိ ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး အက်စတိုးနီးယား၊ နိုင်ဂျာ၊ စိန့်ဗင်းဆင့်နဲ့ ဂရင်းနဒစ္စ၊ တူနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့နေရာမှာ အစားထိုးဝင်ရောက်မှာဖြစ်ပါတယ်။ 

ပထဝီအနေအထားအရ ကိုယ်စားပြုမှုကို သေချာစေဖို့ နေရာတွေကိုလည်း ဒေသဆိုင်ရာ အုပ်စုတွေအလိုက် ခွဲဝေ နေရာချထားတာပါ။ 

ဒါပေမဲ့လည်း ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ အဖွဲ့ထဲမှာတင် ကန့်ကွက်သူမရှိ ဖြစ်နေရင်တောင် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သုံးပုံနှစ်ပုံကျော်က ထောက်ခံမှုရဖို့လည်း လိုအပ်နေပါတယ်။ 

ဂါနာနိုင်ငံက ၁၈၅ မဲ၊ ဂါဘွန် ၁၈၃ မဲ၊ ယူအေအီး ၁၇၉ မဲ၊ အယ်လ်ဘေးနီးယား ၁၇၅ မဲ၊ ဘရာဇီး ၁၈၁ မဲ ရရှိခဲ့ကြပါတယ်။ 

လုံခြုံရေးကောင်စီဟာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းနဲ့ အင်အားအသုံးပြုမှုကို ခွင့်ပြုခြင်းတို့လို ဆုံးဖြတ်ချက်စည်းမျဉ်းတွေကို တရားဝင် ချမှတ်နိုင်တဲ့ တစ်ခုတည်းသော ကုလသမဂ္ဂအဖွဲ့ ဖြစ်ပါတယ်။

 အဲ့ဒီအဖွဲ့မှာ အမြဲတမ်း ဗီတိုအာဏာသုံးစွဲခွင့် ကိုင်စွဲထားတဲ့ အဖွဲ့ဝင် ၅ နိုင်ငံကတော့  အင်္ဂလန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှားတို့ ရှိပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular