Wednesday, May 31, 2023
HomeLead Storyပန်းတနော်မြို့နယ်၌ စစ်ရဟတ်ယာဉ်လှည့်ပတ်နေသဖြင့် ပျက်ကျမှာ ရွာသားများစိုးရိမ်

ပန်းတနော်မြို့နယ်၌ စစ်ရဟတ်ယာဉ်လှည့်ပတ်နေသဖြင့် ပျက်ကျမှာ ရွာသားများစိုးရိမ်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဇွန်လ ၁၂ ရက်မနက်က  ရွာသားတွေ စုပေါင်းလုပ်အားပေး လမ်းခင်းစဉ်  ကောင်းကင်မှ စစ်ရဟတ်ယာဉ်နဲ့ လာရောက်လှည့်ပတ်ကြည့်ရှုနေတဲ့အတွက်  နေအိမ်တွေပေါ် ပျက်ကျမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံတိုင်းကလေးကျေးရွာအုပ်စုက ရွာတစ်ရွာမှာ ဒီနေ့ မနက် ၁၀ နာရီကျော်လောက်က စတင်ကာ ရွာသားတွေ စုပေါင်း လမ်းခင်းနေတာကို ဆန္ဒပြတယ်ထင်ပြီး ရဟတ်ယာဉ်နဲ့ အနိမ့်ပျံသန်း  စောင့်ကြည့်သွားတာလို့  ဒေသခံတစ်ဦးက  ပြောပါတယ်။

“လမ်းခင်းတာဆိုတော့ ပေါက်တူးတို့ ဂေါ်ပြားတို့ ပါတာပေါ့။ လက်မြှောက်ပြီး လုပ်နေကြရတာဆိုတော့ သူတို့ဘက်က ဆန္ဒပြတယ် ထင်တာလား၊ စစ်ရေးပြလုပ်နေတယ် ထင်တာလား မသိဘူး။ နိမ့်နိမ့်လေးက ပတ်နေတာ ခဏ ခဏဆိုတော့ ရွာသားတွေက ကြောက်ပြီး ဆက်မလုပ်ကြတော့ဘူး။”

ရဟတ်ယာဉ်က ရွာတဝိုက်ကို ၁၀ ခေါက်လောက်  လှည့်ပတ်ကြည့်နေတာကြောင့် ဒေသခံရွာသားတွေက သူတို့ နေအိမ်တွေပေါ်ပျက်ကျမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular