ရွှေတံဆိပ်ဆု ၁၈ ခု ချီးမြှင့်မယ့် ဂျူဒို အားကစားနည်းမှာ ၆ ခု ရနိုင်ချေရှိ

Photo by 27seagames2013
ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ဂျူဒိုအားကစားပြိုင်ပွဲအတွက်   မြန်မာအသင်းက ရွှေတံဆိပ် ၆ ခု ရနိုင်ချေရှိတယ်လို့ နည်းပြတွေနဲ့ ကစားသမားတွေက   ပြောပါတယ်။ [caption id="attachment_46929" align="alignright" width="300"]Photo by 27seagames2013 Photo by 27seagames2013[/caption] ဂျူဒိုကစားနည်းဟာ ဂျပန်ရိုးရာကစားနည်း ဖြစ်ပြီး မြန်မာတွေအနေနဲ့ကလည်း အာရှမှာ အဆင့်အတန်းရှိတဲ့ ကစားနည်း ဖြစ်တဲ့အတွက် ရွှေတံဆိပ်ဆုတွေ ရရှိဖို့ ခုလို မျှော်မှန်းနေကြတာ ဖြစ်ပါတယ်။ ဂျူဒိုကစားနည်းမှာ အတိုက်အခိုက်နဲ့ အလှပြ ၂ မျိုး ရှိပြီး ကစားနည်း အားလုံးအတွက် ရွှေ ၁၈ ခု ပေးမှာ ဖြစ်ပါတယ်။ ကစားသမားတွေကလည်း ကြံ့ခိုင်မှု ပြည့်ဝနေကြပြီး အရင်က ပေးခဲ့ရတယ် ရွှေတံဆိပ်တွေကို အိမ်ရှင် အားသာချက်တွေနဲ့ ပြန်လည် ရယူကြမယ်လို့ ဆိုကြပါတယ်။ လက်ရှိ အချိန်မှာ ရွှေ ၆ ခု ရရှိထားပြီး ခု ဆီးဂိမ်းမှာလည်း ရွှေတံဆိပ်တွေရဖို့ နည်းပြတွေ မျှော်လင့်နေကြတဲ့ ကစားသမား ဒေါ်အေးအေးအောင်ကတော့ သူအဓိကပြိုင်ရမယ့် ဗီယက်နမ်ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာတွေကို ခုလိုပြောတယ်။ “သမီး ၀ိတ်တန်းမှာ သမီးရဲ့ ပြိုင်ဘက်ကတော့ ဗီယက်နမ် အားကစားသမား တယောက် ဖြစ်ပါတယ်။ သူနဲ့ သမီးက ဖိုင်နယ်မှာ အမြဲတွေ့နေကြပေါ့။ အဲဒါကြောင့် သူက သမီးရဲ့ ပြိုင်ဘက် တဦးအနေနဲ့ သတ်မှတ်ထားတယ်။ သူက သမီးနဲ့ အားသာချက်ကတော့ သူက သမီးထက် အရပ်ရှည်တယ်။ ပါဝါကျတော့ အတူတူလောက်ရှိတယ်။ နည်းစနစ်ပိုင်းဆိုင်ရာကျတော့ သမီးက နည်းနည်း မြန်တယ်၊ သူက နှေးတယ်၊ အဲဒါလေးပဲ ကွာခြားတာပဲ ရှိပါတယ်။ အခုဆိုရင်တော့ ကိုယ့်နိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ပြိုင်ရမယ့်အတွက်ကြောင့် မို့လို့ အတွေ့အကြုံတွေကော အမြင်တွေကော လေ့ကျင့်မှုဆိုင်ရာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ခဲ့ရတဲ့အတွက်ကြောင့် ရွှေတံဆိပ်ဆု ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ပါတယ်။ ” မြန်မာအသင်းဟာ ခု ယှဉ်ပြိုင်မယ့် ၂၇ ကြိမ်မြောက်ဆီးဂိမ်းမှာ အတွေအကြုံတွေနဲ့ အားသာချက်တွေ ရှိနေတဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေကို အဓိကထား ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်လို့ ဂျပန်နည်းပြ ၂ ယောက်ကို ခေါ်ယူလေ့ကျင့်နေကြပါတယ်။ လေ့ကျင့်ကွင်းမှာ လိုက်လံ မေးမြန်းချက်တွေအရ ပံ့ပိုးမှုကောင်းတွေ၊ နည်းပြကောင်းတွေနဲ့ လေ့ကျင့်ရတာကြောင့် နည်းစနစ်ပိုင်းတွေ မှာ အရင်ကထက် ကွာခြားလာပြီး တိုးတက်မှုတွေ ရှိလာကြတယ်လို့ ကစားသမားတွေက ဆိုပါတယ်။ မြန်မာ့လက်ရွေးစင် ဂျူဒိုကစားသမား ဦးကတ်ကျင်းပေါင်က “အရင်တုန်းကထက်စာရင်တော့ အများကြီး ကောင်းလာတယ်ပေါ့နော်။ သူများနိုင်ငံတွေဆိုရင် ဟိုးအရင်ကတည်းက ကစားသမားတွေကို အထောက်အပံ့ အပြည့်အ၀ အကုန်လုံး ပေးထားတာပါ။ ကျနော်တို့က ဒီနှစ်မှ ဒီလို ခံစားချက်တွေ ရရှိတာပါ။ အဲဒါကြောင့် ဒီနှစ်မှာတော့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ပြောပါတယ်။ ဂျူဒိုကစားနည်းကို မြန်မာအပါအ၀င် နိုင်ငံပေါင်း ၉ နိုင်ငံ ၀င်ရောက် ယှဉ်ပြိုင်ကြမှာပါ။ မြန်မာနိုင်ငံဟာ အိမ်ရှင်အဖြစ်တဲ့အတွက် ရွှေတံဆိပ်ဆုတွေ ဆောင်ကျဉ်းပေးနိုင်ဖို့ ကစားသမားတွေကို ဂျပန်နိုင်ငံကိုလည်း နိုင်ငံခြားမှာ ပူးတွဲ လေ့ကျင့်ခန်းတွေ စေလွှတ် လေ့ကျင့်စေခဲ့တဲ့အတွက် ရလဒ်ကောင်းတွေ ရရှိဖို့ သေချာနေပါတယ်လို့ နည်းပြတွေက ဆိုပါတယ်။ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ရဲ့ နည်းပြချူပ်လည်းဖြစ် လက်ရှိ ဆီးဂိမ်း မြန်မာဂျူဒိုအသင်းရဲ့ နည်းပြချုပ်လည်းဖြစ်တဲ့ ပထမဆုံး မြန်မာဂျူဒို ရွှေတံဆိပ်ဆုရှင် ဂျုဒိုဦးသန်းမောင်က သူကိုင်တွယ်တဲ့ အားကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

More News
Up