Sunday, May 28, 2023
HomeLead Storyပြင်ဦးလွင် လေယာဉ်ပျက်ကျမှုတွင် ၂ ဦးအသက်ရှင်ဟု စစ်ကောင်စီထုတ်ပြန်

ပြင်ဦးလွင် လေယာဉ်ပျက်ကျမှုတွင် ၂ ဦးအသက်ရှင်ဟု စစ်ကောင်စီထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ ဇွန်လ ၁၀ ရက် မနက်က တပ်မတော်လေယာဉ် ပျက်ကျပြီး ဈေးကုန်းဆရာတော်၊ အလှူရှင်တွေနဲ့ လေယာဉ်အမှုထမ်းတွေအပါအဝင် ၁၂ ယောက်သေဆုံးပြီး ၂ ယောက် အသက်ရှင်တယ်လို့   စစ်တပ်ပိုင် မြဝတီသတင်းက အတည်ပြုသတင်းထုတ်ပြန်ပါတယ်။

ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တ ကဝိသာရအပါအဝင် သံဃာနဲ့ အလှူရှင် ၈ ဦးနဲ့အတူ လေယာဉ်အမှုထမ်း ၆ ဦး စုစုပေါင်း ၁၄ ဦး လိုက်ပါလာတဲ့ တပ်မတော်လေယာဉ်ဟာ ဒီနေ့ ဇွန် ၁၀ ရက်မနက် ၇ ခန့်မှာ နေပြည်တော်လေဆိပ်မှ အနီးစခန်းလေဆိပ် ပြင်ဦးလွင်ကို ထွက်ခွာလာချိန် မနက် ၈ နာရီလောက်မှာ အနီးစခန်းကို ဆင်းသက်ချိန်မှာ အဆက်အသွယ် ပြတ်တောက် ပျက်ကျခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အလှူရှင်ရဲ့ သားငယ် မောင်ပိုင်ဘုန်းပြည့်နဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာခဲ့တဲ့ တပ်ကြပ်ကြီး ကောင်းစံဝင်းတို့ နှစ်ယောက်ကို  ကယ်ဆယ်နိုင်ခဲ့ပြီး ပြင်ဦးလွင် တပ်မတော်ဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့ဆိုပါတယ်။

ဈေးကုန်းဆရာတော်နဲ့ အလှူရှင်တွေဟာ ပြင်ဦးလွင်မြို့၊ သုံးတောင်ကျေးရွာအုပ်စု၊ ကျောက်ဖျားဒိုးကျေးရွာမှာ ဆောက်လုပ်မယ့် မဟာဝိသုတာရာမ ဈေးကုန်းပ ရိယတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပဖို့ စစ်တပ် လေယာဉ်နဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ 

သုံးတောင်ကျေးရွာအုပ်စု၊ ကျောက်ဖျားဒိုးကျေးရွာမှာ ဒီကနေ့ ဇွန်လ ၁၀ ရက် မနက် ၉ နာရီမှာ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားနဲ့ ဆွမ်းလောင်းပွဲ ကျင်းပဖို့ အစီအစဉ်ရှိတာဖြစ်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular