Home
အနုပညာ
သရုပ်ဆောင် ပိုင်တံခွန်အမှု တရားလို မြောက်ဒဂုံရဲစခန်းမှူးကို စတင်စစ်ဆေး
DVB
·
June 9, 2021

စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးတရားစွဲထားတဲ့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်အမှုကို ဇွန်လ ၉ ရက် ဒီနေ့ ရုံးချိန်းခေါ်ခဲ့ပြီး တရားလို မြောက်ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်ကို အင်းစိန်ထောင်တွင်း တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

အမှုကို ပြန်ချေပနိုင်ဖို့ တရားလိုရဲ့စွပ်စွဲချက်တွေ ခိုင်မာမှုရှိမရှိ ပိုင်တံခွန် ရဲ့ဥပဒေအကြံပေးက သုံးသပ်နေပြီး တရားလိုပြသက်သေတွေရဲ့စွဲချက်တွေကို နောက်ရုံးချိန်းမှာ စောင့်ကြည့်ရဦးမယ်လို့  ပိုင်တံခွန်ရဲ့ဥပဒေအကြံပေး  တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်းသီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး အခုရုံးချိန်းမှာ ကျန်းမာရေးကောင်းမွန်တာတွေ့ရတယ်လို့ ရှေ့နေကပြောပါတယ်။ ပိုင်တံခွန်ကို စစ်ကောင်စီက စွဲချက်တင်ရာမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်က အထောက်အထားတွေနဲ့ စွပ်စွဲတာဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကို ဧပြီ ၈ရက် နေ့က မြောက်ဒဂုံက သူ့ရဲ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်အမှုအတွက် နောက်ရုံးချိန်းကို ဇွန်လ ၂၃ ရက်နေ့မှာပြန်ခေါ်ထားပြီး တရားလိုပြသက်သေတွေကို ဆက်စစ်မှာဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲရောက်ပြီး ပုဒ်မ ၅၀၅ နဲ့အစွဲခံထားရသူတွေကို အာမခံပေးလေ့မရှိတဲ့အတွက် ပိုင်တံခွန်အတွက် အာမခံလျှောက်ထားဖို့ကလည်း ခက်ခဲနေတယ်လို့ သူ့ရဲ့ဥပဒေအကြံပေးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024