မြန်မာနိုင်ငံနယ်စပ်ကနေ ထိုင်းဘက်ကို တရားမဝင်လာရောက်ပြီး မလေးရှားနိုင်ငံဆီ အလုပ်အကိုင် ရှာဖွေဖို့ ဆက်သွားကြမယ့် မြန်မာနိုင်ငံသား ၅ ယောက်ကို ထိုင်းနိုင်ငံ၊ ဟက်ရိုင်ဒေသထဲမှာ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့ ၅ ယောက်လုံးဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကဖြစ်ပြီး သူတို့အားလုံးနဲ့ အတူ မြန်မာလမ်းပြကိုပါ ဖမ်းမိခဲ့တယ်လို့ သတင်းမှာရေးပါတယ်။
ဇွန် ၈ ရက်ည ၁၀ နာရီခွဲလောက်က အရပ်သား၊ ရဲနဲ့ စစ်သားတွေ ပါဝင်တဲ့ ကင်း လှည့်အဖွဲ့ဟာ သူတို့အုပ်စုကို ရာဘာစိုက်ခင်းတခုထဲက တဲတခုမှာ ပုန်းအောင်းနေချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ တယောက်ကို ပွဲစားခဘတ် ၁၅,၀၀၀ စီပေးခဲ့ကြရပြီး ထိုင်း-မြန်မာနယ် စပ်ကို ဖြတ်ကာ ရနောင်းခရိုင်ထဲ ရောက်ရှိခဲ့တာဖြစ်ပြီး မလေးရှားဆီ ဆက်ကူးဖို့ စောင့် ဆိုင်းနေခဲ့ကြတာလို့ ပြောပါတယ်။
လတ်တလောမှာတော့ သူတို့ ၆ ယောက်လုံးကို ကနဦး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆောင်ခလာလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ကာ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၄ ရက်လောက်ကလည်း ခုလိုပဲ ထိုင်းဘက်ကို တရားမဝင် ဝင်လာပြီး မလေးရှားနိုင်ငံဆီ ဆက်သွားကြဖို့ ဝင်ရောက်လာတဲ့ မြန်မာ ၄၂ ယောက်ကို ဖမ်းဆီးခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။