Home
မြန်မာသတင်း
တပတ်အတွင်း စီးပွားရေးသတင်း
DVB
·
November 23, 2013
ဒီတစ်ပတ်ရဲ့ နောက်ဆုံးရ ငွေလဲနှုန်း ရွှေဈေးနှုန်း စက်သုံးဆီဈေးနှုန်း အခြေခံစားသောက် ကုန်ဖြစ်တဲ့ ဆန် ဆီ ကြက်သွန်ဈေးနှုန်းတွေ အပါအ၀င် နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေကို စုစည်း တင်ပြပေးသွားမှာဖြစ်ပါတယ်။ rice-and-onion-300x214ဒီတပတ်ရဲ့ နောက်ဆုံးရ မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေလဲနှုန်း အခြေအနေကို ပထမဦးစွာတင်ပြရရင် အမေရိကန်တစ်ဒေါ်လာ ၉၇၆ကျပ်၊ တစ်ယူရို ၁၃၁၅ကျပ်၊ စင်္ကာပူတစ်ဒေါ်လာ ၇၈၀ကျပ်၊ စတာလင်တစ်ပေါင် ၁၅၈၀ ကျပ်၊ဂျပန်ယန်း၁၀၀ ၉၆၄ ကျပ်၊ ဩစတြေးလျတစ်ဒေါ်လာ ၉၀၁ကျပ်၊တရုတ်တစ်ယွမ် ၁၆၀ ကျပ်၊ အိန္ဒိယတစ်ရူပီး ၁၅ ကျပ်၊ ကိုရီးယားဝမ်တစ်ရာ ၉၁ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၃၀၄ ကျပ်၊ ထိုင်းတစ်ဘတ် ၃၀ကျပ်နှုန်းနဲ့ အသီးသီးပေါက်ဈေးရှိခဲ့ပါတယ်။ ယခုတင်ပြခဲ့တဲ့ ဈေးနှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွေဖြစ်ပြီး နိုဝင်ဘာလလ ၂၂ရက်နေ့ ပေါက်ဈေးနှုန်းတွေပါ။ အစိုးရကခွင့်ပြုထားတဲ့ ငွေလွဲကောင်တာတွေမှာဆိုရင် နိုင်ငံခြားငွေလဲလှယ်တဲ့နှုန်းက ဒီတပတ် မှာတော့ အပြောင်းအလဲ ရှိခဲ့ပါတယ်။ ဒါကတော့ ဗဟိုဘဏ်ရဲ့ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်တဲ့နှုန်းက အခုတပတ်မှာ တစ်ဒေါ်လာ ၃ကျပ်မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ဒီတပတ်ရဲ့နောက်ဆုံးသိရတဲ့ဈေးနှုန်းအရ ငွေလဲကောင်တာတွေမှာ အမေရိကန်တစ် ဒေါ်လာ ဈေးနှုန်းက ၀ယ်ဈေး ၉၇၂ ကျပ် နဲ့ ရောင်းဈေး ၉၈၃ ကျပ်ရှိလို့ ၀ယ်ဈေး၊ ရောင်းဈေးက ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၀ယ်ဈေးက တစ်ဒေါ်လာကို ၄ ကျပ် နဲ့ ရောင်းဈေးက တစ်ဒေါ်လာကို ၆ကျပ် အသီးသီးမြင့်တက်မှုရှိခဲ့ပါတယ်။ ဒါကြောင့် တပတ်အတွင်းမှာရှိခဲ့တဲ့ နိုင်ငံခြားငွေကြေး အရောင်းအ၀ယ်အခြေအနေနဲ့ ပတ်သတ်လို့  CB Bank money changer မှ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။ ဒီ့နောက် ရွှေဈေးနှုန်းအခြေအနေကို တင်ပြရင် ပြည်တွင်းအကယ်ဒမီရွှေဈေးက ရန်ကုန်ဈေးကွက်မှာ ပြီးခဲ့တပတ်က တစ်ကျပ်သားကို ၆၈၅,၀၀၀ ကျပ် ရှိခဲ့ပေမယ့် အခုတပတ်ရဲ့နောက်ဆုံးသိရတဲ့ဈေးနှုန်း အရ တစ်ကျပ်သားကို ၆၆၆,၇၀၀ကျပ်သာ ရှိလို့ ပြည်တွင်းရွှေဈေးက ဒီတပတ်မှာတော့ တစ်ကျပ်သားကို ကျပ် ၁၈,၀၀၀ ကျော် ကျဆင်းမှုရှိခဲ့ပါတယ်။ အလားတူကမ္ဘာ့ရွှေဈေးနှုန်းကလဲ နိုင်ငံတကာဈေးကွက်မှာ ပြီးခဲ့တဲ့တပတ်က တစ်အောင်စကို ၁၂၈၃ ဒေါ်လာရှိခဲ့ပေမယ့် အခုတပတ်ရဲ့နောက်ဆုံးသိရတဲ့ဈေးနှုန်းအရ တစ်အောင်စကို ၁၂၄၃ ဒေါ်လာသာ ရှိတော့လို့ ကမ္ဘာ့ရွှေဈေးကလဲ ကျဆင်းနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးနှုန်းလဲ လိုက်ပါကျဆင်းနေလို့ လက်ရှိမှာ ဆိုရင် ရန်ကုန်ရွှေဈေးကွက်မှာတော့ ၀ယ်လိုအားထက် ရောင်းလိုအားက ပိုများနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အတွင်းရေးမှုး ဦးဝင်းမြင့်က ဆိုပါတယ်။ ဒီ့နောက် တပတ်အတွင်းမှာ ရှိခဲ့တဲ့ ရန်ကုန်ရွှေဈေးကွက် အခြေအနေနဲ့ ကာလတိုအတွက် ဖြစ်ပေါ်နိုင်ခြေရှိတဲ့အခြေအနေတွေအပေါ်  သူက အခုလို သုံးသပ်ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဆိုရင်လဲ ရန်ကုန်ဈေးကွက်မှာတော့  ဓါတ်ဆီ အပါအ၀င် ဒီဇယ်နဲ့ အောက်တိန်း ဈေးနှုန်းတွေက ယခင်ရက် သတ္တပတ်တွေမှာ ရှိခဲ့တဲ့ ဈေးနှုန်းအတိုင်း ဓါတ်ဆီ တလီတာ ၈၁၄ကျပ်၊ ဒီဇယ် တလီတာ ၉၂၀ကျပ် နဲ့ အောက်တိန်း တလီတာ ၉၂၀ ကျပ် အသီးသီးရှိတာဖြစ်လို့ ပြောင်းလဲမှု မရှိဘူးလို့  ရန်ကုန်မြို့ ပုဂလိက စက်သုံးဆီ အရောင်းဆိုင်တွေဆီက သိရတာပါ။ အလားတူ ပြင်ပလက်လီရောင်းချနေတဲ့ ဆိုင်တွေမှာတော့ ဓါတ်ဆီ ၁ ဂါလံ ၀ယ်ဈေးက  ၄၂၀၀ ကျပ် နဲ့ ရောင်းဈေး  ၄၃၀၀ကျပ် ရှိပြီး ဒီဇယ် ၁ဂါလံ ၀ယ်ဈေးက  ၃၅၀၀ကျပ်နဲ့ ရောင်းဈေးက  ၄၀၀၀ကျပ် ရှိလို့ ပြောင်းလဲမှုတော့မရှိဘူးလို့ သိရပါတယ်။ အခြေခံစားသောက်ကုန်တွေထဲမှာဆိုရင် (ဆန်ချော) ပေါ်ဆန်းမွေးတစ်ပြည် ၁၁၀၀ကျပ် ကနေ ၁၂၀၀ ကျပ်၊(ဆန်ကြမ်း)ဧည့်မထတစ်ပြည် ၈၅၀ ကျပ် ကနေ ၉၀၀ ကျပ်၊ ပဲဆီတစ်ပိသာ ၃၈၀၀ ကျပ်၊နှမ်းဆီ တစ်ပိသာ ၄၈၀၀ကျပ်နှင့် စားအုံးဆီတစ်ပိသာ ၁၆၀၀ကျပ် ဆိပ်ဖြူ ကြက်သွန်နီ တစ်ပိသာ ၆၅၀ နဲ့ ၇၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိသာ ၁၅၀၀ကျပ်ရှိတယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့စာရင်းတွေအရ သိရပါတယ်။ ဒီ့နောက် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်အတွင်းမှာ ဒီတပတ်မှာတော့ မတ်ပဲ RC ကို အိန္ဒိယ၀ယ်လက်တွေဘက်က ၀ယ်အားပုံမှန်ရှိခဲ့လို့ မတ်ပဲ RC တစ်တန်ကို ၆၀၂,၅၀၀ကျပ် အထိ ဈေးရလာလို့ ပြီးခဲ့တဲ့တပတ်ကဈေးနှုန်းနဲ့ယှဉ်ရင် တစ်တန်ကို ၃၅၀၀ကျပ်ဈေးပိုရလာတယ်လို့ သိရပါတယ်။ဒါ့အပြင်အရောင်းအ၀ယ်အနေနဲ့လဲ တပတ်အတွင်းမှာ တန်၆၀၀၀ကျော် အရောင်း အ၀ယ်ဖြစ်ခဲ့တယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။ နောက်ဆုံးအနေနဲ့ နယ်စပ်ကုန်သွယ်ရေးအခြေအနေကိုတင်ပြရရင် မူဆယ်နယ်စပ်စခန်းမှာ တရုတ်ဘက်က ၀ယ်လက်တွေအနေနဲ့ ပုံမှန်ဝယ်ယူမှုရှိတယ်ဆိုပေမယ့် အစေ့ထုတ်ပြောင်းဈေးနှုန်းက အနည်းငယ် ကျဆင်းမှုရှိနေပါတယ်။ ဒါကတော့ အခုထွက်တဲ့ပြောင်းတွေက အရည်အသွေးပိုင်းဆိုင်ရာ အစိုဓါတ်ပါဝင်မှုများတဲ့ အပြင် ဈေးကွက်အတွင်း ကုန်စည်ဝင်ရောက်မှုပမာဏကလဲ များလာလို့ အစေ့ထုတ်ပြောင်းဈေးနှုန်းက အကျဘက်ကိုရှိနေတာပါလို့ မူဆယ်နယ်စပ်စခန်းက ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါကြောင့် အလေးချိန် ၅၀ ကီလိုရှိတဲ့ အစေ့ထုတ်ပြောင်း ၁ အိတ်ကို တရုတ်ငွေ ၉၄ ယွမ်သာရှိလို့ ပြောင်းဈေးနှုန်းက ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ၁ အိတ်ကို ၅ ယွမ်လောက် ကျသွားတယ်လို့ သူကဆက်လက်ပြောပါတယ်။ မူဆယ်နယ်စပ်စခန်းမှာ အခုတပတ်အတွင်း အစေ့ထုတ်ပြောင်းတင်ပို့မှုက တန်၂သောင်းခွဲနီးပါး တင်ပို့မှုရှိခဲ့ပေမယ့် ကုန်စည်ဝင်ရောက်မှုပမာဏက တန် ၃ သောင်းကျော်ရှိလို့ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တန် ၅ သောင်းကျော် ပိုမိုဝင်ရောက်မှုရှိခဲ့တယ်လို့လဲ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024