အီရန်နျူးကလီယားဆွေးနွေးပွဲအတွက် အင်အားကြီး ၆ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ဂျီနီဗာသို့ ထွက်ခွာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အခြားအင်အားကြီး ၆ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို အသီးသီး ထွက်ခွာနေကြပြီး ဖြစ်ပါတယ်။ iran euအရင်ဆွေးနွေးပွဲကို မတက်ရောက်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်း စနေနေ့မှာ ဂျီနီဗာမြို့ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီအင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မတွေ့ခင် အီးယူ မူဝါဒရေးရာအကြီးအကဲ ကတ်သရင်း အက်ရှ်တန် (Catherine Ashton) က အင်အားကြီး ၆ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်အနေနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ် (Mohammad Javad-Zarif )နဲ့ အရင် ကြိုတင်ဆွေးနွေးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လက အီရန်သမ္မတသစ် ဟက်ဆန် ရူဟာနီ (Hassan Rouhani) စတင် တာဝန်ယူချိန်ကစလို့ နှစ်ပေါင်း များစွာ သံတမန်အဆက်အသွယ်တွေပြတ်၊ တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ ဒီနျူးကလီယားအငြင်းပွားမှုကို ဖြေရှင်းနိုင်မယ့် အခြေအနေတွေနဲ့ မျှော်လင့်ချက်တွေ ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အဓိက သဘောထားကွဲနိုင်တဲ့ အချက် ၁ ချက် ရှိပါတယ်။ အီရန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်ဖြစ်တဲ့ အယာတိုလာ အလီခိုမေနီ(Ayatollah Ali Khamenei) ပြောကြားခဲ့တဲ့ အီရန်နိုင်ငံရဲ့ နျူးကလီယားပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up