စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရွှေသိမ်တော်ကြိုးပြင်ကာကွယ်တောအတွင်းမှာ ဇွန်လ ၇ ရက် ဒီနေ့မနက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (ကနီ-PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိဘဲ စစ်ကောင်စီတပ်ဘက်က ၄ ယောက်ထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်လို့ ကနီမြို့နယ်ဒေသခံ တစ်ဦးက ပြောပါတယ်။
ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တစ်ရွာဝင်တစ်ရွာထွက်ရှာဖွေမှု့တွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေပါတယ်။
မနေ့ကလည်း ကနီမြို့နယ် ကျွန်းရွာမှာရှာဖွေကာ အပစ်မဲ့ပြည်သူတွေရဲ့ပစ္စည်းတွေ၊အခြေခံစားသောက်ကုန်တွေယူကာ ကြက်၊ ဆိတ်၊ ဝက်တွေ ပစ်သတ်ပြီး ချက်စားသွားပါတယ်။