ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့က အမှတ် ၁ အခြေခံပညာအထက်ကျောင်းမှာ မေ ၆ ရက် ည ၉ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးကွဲတာ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိဘူး။ ဒီကျောင်းမှာ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေက စစ်ကောင်စီအလိုကျလေ။ ဖိအားပေး ကျောင်းတက်ခိုင်းလို့ တစ်ခုခုဖြစ်ရင် ကလေးတွေအတွက် ဘယ်သူက တာဝန်ယူမှာလဲ” လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။
အဆိုပါ စာသင်ကျောင်းမှာ ကျောင်းသား ကျောင်းသူ အနည်းငယ်သာ ကျောင်းတက်ရောက်နေတာဖြစ်ပါတယ်။
သိန္နီမြို့ဟာ စစ်တပ်တွေအခြေစိုက် ဝိုင်းရံထားတဲ့မြို့ဖြစ်သလို CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းဦးရေ ၇၀ နီးပါရှိပြီး ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက စောင့်ကြည့်ဖိအားပေးမှုတွေရှိပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မြန်မာတနိုင်ငံလုံးအတိုင်အတာနဲ့ မေ ၂၄ ရက်က ကျောင်းအပ်စတင်လက်ခံကာ ဇွန် ၁ ရက်က ကျောင်းတွေ ပြန်စဖွင့်နေတာဖြစ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးသွားမယ်လို့ ပြောထားပေမဲ့ စာသင်ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေပါတယ်။