အင်္ဂလန်နိုင်ငံမှာ အမျိုးသမီး ၃ ဦးကို အနှစ် ၃၀ ကျွန်အဖြစ် စေခိုင်းမှုဖြင့် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးကို ရဲဖမ်းဆီး

စေကာ့တလန်ယက် ရဲဌာန တာ၀န်ရှိသူတဦး
လန်ဒန်ရဲ လူကုန်ကူးမှုဌာနက လန်ဒန်မြို့တောင်ဘက်က အိမ်တအိမ်မှာ နှစ် ၃၀ ကျွန်အဖြစ် စေခိုင်းခံခဲ့ရတဲ့ အမျိုးသမီး ၃ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့က ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ [caption id="attachment_46834" align="alignright" width="300"]စကော့တလန်ယက် ရဲဌာန တာဝန်ရှိသူတဦး စကော့တလန်ယက် ရဲဌာန တာဝန်ရှိသူတဦး[/caption] အဲဒီအမှုနဲ့ ပတ်သက်ပြီး ၆၇ နှစ်အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးထားပါတယ်။ အဲဒီအမျိုးသမီး ၃ ဦးဟာ တဦးနဲ့ တဦး ဆွေမျိုးတော်စပ်ခြင်း မရှိသလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတော့ မရှိပါဘူး ဆိုပါတယ်။ ရဲဌာနရဲ့ စုံစမ်းရေးအရာရှိ ကီဗင်ဟေးလန် (Kevin Hyland)က ကယ်တင် လိုက်တဲ့အမျိုးသမီးတွေက အသက် ၆၉ နှစ်ရှိ မလေးရှားအမျိုးသမီးတဦး၊ အသက် ၅၇ နှစ်ရှိ အိုင်ယာလန် အမျိုးသမီးတဦးနဲ့ အသက် ၃၀ အရွယ် အင်္ဂလန်နိုင်ငံသူတဦးတို့ ဖြစ်ပါတယ်။ သူတို့ဟာ အကန့်အသတ်နဲ့ လွတ်လပ်မှုတော့ ရခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ သူတို့တွေထဲက အငယ်ဆုံးတယောက်ဟာ တသက်လုံး အစေခံအဖြစ် နေခဲ့ရပုံ ရတယ်လို့ ဆိုပါတယ်။ ကီဗင်ဟေးလန်က သူတို့ဌာနဟာ အလားတူ စုံစမ်းစစ်ဆေးတာနဲ့ ဖမ်းဆီးမှုတွေ ရှိခဲ့ပေမယ့် ဒီလောက် နှစ်ကြာတဲ့အမှုမျိုးတော့ တခါမှ မကြုံဖူးဘူးလို့ ဆိုပါတယ်။ အမျိုးသမီးတွေထဲက တဦးက Freedom Charity ဆိုတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက် အကူအညီ တောင်းခံခဲ့ရာက ဒီအမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူတို့ကို လွန်ခဲ့တဲ့ အပတ်တွေကတည်း ကယ်တင်ခဲ့ပေမယ့် အင်္ဂါနေ့ ဖမ်းဆီးမှုတွေ မပြုလုပ်ချိန်အထိ လျို့ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ နှစ် ၃၀ ကြာ သူတို့ရဲ့ဆန္ဒမပါပဲ ကျွန်အဖြစ် စေခိုင်းခံခဲ့ရတာကြောင့် အကြီးအကျယ် စိတ်ဒဏ်ရာ ရခဲ့ကြတယ်လို့  Freedom Charity အဖွဲ့ကို တည်ထောင်သူ အနီတာ ပရင့် (Aneeta Prem) ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up