လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူ ၆ ဦးကို ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၁ လ ချမှတ်
DVB
·
November 22, 2013
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြသံဃာတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ၆ ဦးကို နိုဝင်ဘာ ၂၂ ရက်နေ့က အလုံမြို့နယ်တရားရုံးနဲ့ ကြည့်မြင်တိုင်တရားရုံးက ချမှတ်ထားတဲ့ ထောင်ဒဏ် ၁ လ ပြစ်ဒဏ်နဲ့ ပူးတွဲ ကျခံဖို့ ချမှတ်လိုက်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ကိုအောင်မျိုးဦး၊ ကိုမြင့်ကျော်ဦး၊၊ သူကြီး (ခေါ်) ကိုစိုးမိုးထွန်းနဲ့ မသန္တာတို့ပါ ၆ ဦးကို ကြည့်မြင်တိုင်၊ စမ်းချောင်းနဲ့ အလုံမြို့နယ် တရားရုံးတွေက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ကြည့်မြင်တိုင် တရားရုံးက နိုဝင်ဘာ ၂၁ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်ထားတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ စမ်းချောင်းမြို့နယ် တရားရုံးက စွဲဆိုချက်တွေနဲ့ ပတ်သက်ပြီး ချမှတ်မယ့် စီရင်ချက်ကိုလည်း ဆန္ဒပြသမားတွေ ထပ်မံ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။