မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ဇွန်လ ၅ ရက် ဒီနေ့ ည ၇ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
တောင်တွင်းကြီးမြို့၊ ငမင်လမ်းပေါ်က ခရမ်းပြာအမည်နဲ့ ကျူရှင်ဖွင့်ထားတဲ့ ဦးတင်ထွန်းသိန်း အိမ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။
''အသံကြီးကတော့ အကျယ်ကြီးဘဲ။ သူ့အိမ်ရှေ့မှာ ကားထားတဲ့ ကားဂိုထောင်ထဲမှာ ဖြစ်တာလို့သိရတယ်။ အထိအခိုက်အပျက်စီးတော့မသိရသေးဘူး။ ထုံးစံအတိုင်းပဲ ပေါက်ကွဲမှုတခုခုဖြစ်ပြီးရင် စစ်သားနဲ့ ရဲတွေခြေရှုပ်တာပဲ။ ကျနော်တို့လည်း အိမ်ပြင်မထွက်ရဲဘူး။ အိမ်ထဲနေတော့လည်း မလုံခြုံပါဘူး။ သူတို့ကမအထင်ရင်မထင်သလို ဖမ်းနေကြတာ''။
ဦးတင်ထွန်းသိန်းဟာ ယခင် စစ်အစိုးရလက်ထက်က ရပ်ကွက်ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ ဖူးသူဖြစ်တယ်လို့ သိရပါတယ်။