လျှို့ဝှက်ထောက်လှမ်းမှုတွေအတွက် တောင်းပန်ရန် ဩစတြေးလျကို အင်ဒိုနီးရှား တောင်းဆို

အင်ဒိုနီးရှားနိုင်ငံကို လျှို့ဝှက်ပြီး စုံစမ်းထောက်လှမ်းတာတွေ လုပ်ခဲ့တဲ့အတွက် တရားဝင် တောင်းပန်ဖို့ ဩစတြေးလျနိုင်ငံကို အင်ဒိုနီးရှားလူထုက ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။ Apologizeဒီကိစ္စတွေကြောင့် ဩစတြေးလျနဲ့ သံတမန်အဆင့်ကို ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားအစိုးရက လျော့ချခဲ့ပါတယ်။ ဒီနှစ်နိုင်ငံဟာ အိမ်နီးချင်းတွေ ဖြစ်ပေမယ့်လို့ ဆက်ဆံရေးက သိပ်တော့ အဆင်ပြေလာခဲ့တာတော့ မဟုတ်ပါဘူး။ “အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါ (Mr. Marty Natalegawa) ကတော့ ဩစတြေးလျနဲ့ သံတမန်ဆက်သွယ်ရေးကို ထပ်ဖြတ်ဖို့လုပ်နေပါတယ်”လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရသူက ရိုက်တာသတင်းဌာနကို ပြောကြားပါခဲ့တယ်။ အသေးစိတ် ပြောကြားတာတော့ မရှိပါဘူး။ ဒီသတင်းတွေကတော့ အင်ဒိုနီးရှားသတင်းစာကြီးတွေရဲ့ ခေါင်းစီးတွေမှာ နေရာ ယူနေဆဲပါပဲ။ ဂျကာတာပို့စ် (Jakarta Post) သတင်းစာမှာတော့ “ဩဇီတွေ တောင်းပန်သင့်တယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။ အရင်တခေါက် အမေရိကန်လုံခြုံရေးအေဂျင်စီ ၀န်ထမ်းဟောင်း အက်ဒ၀ပ် စနိုးဒင် (Edward Snowden)က ဩစတြေးလျ ထောက်လှမ်းရေးအေဂျင်စီတွေဟာ အင်ဒိုနီးရှား သမ္မတရဲ့ဖုန်း၊ သမ္မတကတော်ဖုန်းနဲ့ အခြားထိပ်တန်းခေါင်းဆောင်တွေရဲ့ ဖုန်းတွေကို ခိုး နားထောင်ဖို့ ကြိုးစားခဲ့သေးတယ်လို့ ဖော်ထုတ်ခဲ့ပြီးနောက် အခုသတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ မြို့ခံတဦးဖြစ်တဲ့ ဟာရမ်တို အန်းဒမ် (Haryanto Andung) ကတော့ အင်ဒိုနီးရှားအစိုးရကို တရားဝင် တောင်းပန်ဖို့ လိုတယ်လို့ ပြောပါတယ်။ “သမ္မတလို၊ ၀န်ကြီးတွေလို အဆင့်မြင့်အရာထမ်းတွေရဲ့ ဖုန်းကို ဒီလို ခိုးနားထောင်တယ်ဆိုရင်တော့ ပါလီမန်မှာ တောင်းပန်ရုံလောက်နဲ့တော့ မလုံလောက်ပါဘူး။” လို့ ပြောကြားပါတယ်။ “တကယ်တော့ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ လျို့ဝှက်စုံစမ်းထောက်လှမ်းကြတယ်ဆိုတာ ဆန်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရက လုပ်ရမှာက ဒီလျို့ဝှက်ချက်တော့ ဘယ်က ပေါက်ကြားလဲ။ ဘယ်သူတွေက လုပ်ခဲ့တာလဲ။ ဒီလူတွေကို ဖော်ထုတ်ရမှာပေါ့။ သူတို့တွေက ၀ာာဝန်ရှိတာပေါ့လို့။” မြို့ခံနောက်တဦးဖြစ်တဲ့ ဆီနို (Seno)က ပြောကြားတာ ဖြစ်ပါတယ်။ ဂျကာတာမှာရှိတဲ့ ဩစတြေးလျသံရုံးမှာတော့ လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။ အဲဒီသံရုံးဟာ အင်ဒိုနီးရှားနိုင်ငံကို အနီးကပ်လျို့ဝှက်ထောက်လှမ်းဖို့ အမေရိကန်ဦးဆောင်ပြီး လုပ်နေတဲ့ လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးကွန်ရက်ကြီးရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ပြီးခဲ့တဲလ သတင်းတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up