ကိုဗစ်အန္တရာယ်စိုးရိမ်ရသည့်ဒေသရှိ ထိုင်းလူဦးရေ ၄ ပုံတပုံ Mask စနစ်တကျ တပ်ဆင်ခြင်းမရှိ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်နိုင်ခြေမြင့်မားတဲ့ အန္တရာယ်ရှိ အနီရောင်ဇုန်တွေမှာ လူဦးရေ ၄ ပုံ ၁ ပုံက နှာခေါင်းစည်း Mask တွေ စနစ်တကျတပ်ဆင်သွားလာခြင်း မရှိဘူး လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတစောင်မှာ ဖော်ပြပါတယ်။

ဒီစစ်တမ်းကိုတော့ အန္တရာယ်ရှိ အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ နေရာ ၄ ခုမှာ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက မေ ၁၈ ရက်ကနေ ၃၁ ရက်နေ့အတွင်း နမူနာ ၄,၇၇၆ ခု ကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

      အဆိုပါ စစ်တမ်းအရ လူဦးရေရဲ့ ၇၀ ဒသမ ၉ ရာခိုင်နှုန်းကတော့ နှာခေါင်းစည်း Mask တွေကို စနစ်တကျ တပ်ဆင်သွားလာကြပြီး၁၄ ဒသမ ၈ ရာခိုင်နှုန်းကတော့ နှာခေါင်းတဝိုက်ကို ခြုံငုံဖုံးမမိတာ၊ မေးစေ့မှာချိတ်ပြီး သွားလာကြတဲ့ ပုံစံမမှန်တဲ့ တပ်ဆင်သွားလာမှုတွေ ရှိကြတယ်လို့ ဆိုပါတယ်။

      အန္တရာယ်ရှိ အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားပြီး ရောဂါကာကွယ်ထိန်းချုပ်မှုတွေ လုပ်ဆောင်နေကြရတဲ့ ဘန်ကောက်၊ နွန်ထဘူရီ၊ ပထုံဌာနီနဲ့ ဆမွတ်ပရာကန်ဒေသတွေ ထဲက ၆၈ ဒသမ ၈ ရာခိုင်နှုန်းသာ နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာ ကြပြီး ၂၆ ဒသမ ၅ ရာခိုင်နှုန်းကတော့ စနစ်တကျတပ်ဆင်သွားလာခြင်းမရှိဘူးလို့ ဆိုပါ တယ်။

      “ပြည်သူတွေကို သူတို့ရဲ့ နေအိမ်တွေက မထွက်ခွာခင်မှာ နှာခေါင်းစည်း Mask တွေ သေချာတပ်ဆင်ကြဖို့၊ လူသူထူထပ်တဲ့ နေရာတွေကို သွားရောက်ပြီးချိန်မှာ တပ် ဆင်ထားတဲ့ Mask ကို လဲလှယ်ပြီး ထပ်မံတပ်ဆင်နိုင်ဖို့ အပိုယူဆောင်သွားကြဖို့ တိုက် တွန်းထားပါတယ်”လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆူ ဝမ်ချိုင်က ပြောပါတယ်။

      “ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် လက်ကို အယ်လ်ကိုဟောပါတဲ့ ဂျယ်လ်နဲ့ ပုံမှန်ဆေးကြောတာမျိုး၊ လူစုလူဝေး ရှောင်ပြီး တဦးနဲ့ တဦး ခပ်ခွာခွာ နေထိုင်တာမျိုးတွေ၊ အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေး ယာဉ်တွေအတွင်း စကားပြောတာ၊ စားသောက်တာမျိုးတွေအထိ ပြန်ပြီးတော့ ဆင်ခြင် ကြဖို့ လိုပါတယ်”

      ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်းမှာတော့ လတ်တလောအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၁ သိန်း ၇ သောင်းကျော်လာခဲ့ပြီဖြစ် ကာ သေဆုံးသူပေါင်း ၁၁၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

More News
Up