မုံရွာမြို့က လူငယ် ၁ ဦး ဖမ်းဆီးခံရ
DVB
·
June 4, 2021
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇွန်လ ၄ ရက် ဒီနေ့ညပိုင်းက မြို့ခံလူငယ်တစ်ဦးဖြစ်တဲ့ ကိုခန့်ဇင်ကို ကို အကြမ်းဖက်စစ်တပ်က သူ့ရဲ့ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
အခုည ၇ နာရီဝန်းကျင်လောက်မှာ ကိုခန့်ဇင်ကိုရဲ့နေအိမ်ကို လက်နက်ကိုင် အကြမ်းဖက် စစ်တပ်တွေရောက်လာပြီးဝင်ရောက်မွှေနှောက်ရှာဖွေပြီးနောက် ဖမ်းဆီးသွားတာလို့ သူ့ရဲ့ သူငယ်ချင်းက ပြောပါတယ်။
သူ့ကို ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာတော့ မသိရသေးပါဘူး။