Home
မြန်မာသတင်း
ကုမ္ပဏီဝန်ထမ်းများ အွန်လိုင်းစနစ်ဖြင့် ဝင်ငွေခွန်ဆောင်ရမည်
DVB
·
June 4, 2021

ကုမ္ပဏီဝန်ထမ်းတွေ နိုင်ငံတော်ကို  ဝင်ငွေခွန်ပေးသွင်းရာမှာ ဇူလိုင် ၁  ရက်နေ့ကစပြီး အီလက်ထရောစနစ် ငွေပေးချေမှုနည်းလမ်းတွေနဲ့ဘဲ လက်ခံဆောင်ရွက်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာပါတယ်။

ဒီလိုအွန်လိုင်းစနစ်ကို ပြောင်းလဲကျင့်သုံးရတာက အခွန်ထမ်းတွေ အခွန်ပေးဆောင်ရာမှာ လွယ်ကူလျှင်မြန်ပြီး လုံခြုံမှုရှိစေဖို့ အတွက်လို့ဆိုပါတယ်။

အရင်တုန်းက ငွေသား/ချက်လက်မှတ်တို့နဲ့ ပေးသွင်းတဲ့စနစ်အစား အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းတွေ၊ Mobile Banking, Mobile Payment စတဲ့ မိုဘိုင်းငွေပေးချေမှုနည်းလမ်းတွေ၊ MPU Debit Card ကို အသုံးပြုပြီး အွန်လိုင်းကနေ သက်ဆိုင်ရာ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ပေးဆောင်နိုင်အောင် စီစဉ်ထားပြီးဖြစ်တယ်လို့ လည်း အသိပေးထားပါတယ်။

အခွန်ပေးသွင်းမှု အထောက်အထားအဖြစ် သက်ဆိုင်ရာ ပုဂ္ဂလိဘဏ်တွေက ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ပြည်တွင်းအခွန်များ ဦးစီးဌာန ဘက်ကလည်း သက်ဆိုင်ရာအခွန်ရုံးတွေရဲ့ ငွေစာရင်းတွေမှာ အခွန်ငွေလက်ခံရရှိပြီးရင် အခွန်ငွေ ပေးသွင်းပြီးကြောင်း အထောက်အထားကို အခွန်ထမ်းထံ ပြန်လည်ပေးပို့သွားမယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင်အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number-TNI) ရရှိပြီးဖြစ်တဲ့ အခွန်ထမ်းတွေအနေနဲ့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နဲ့ ရတနာခွန်တို့ကို ပြည်တွင်းက နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲတွေအပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ စာရင်းဖွင့်လှစ်ထားရှိတဲ့ မိမိတို့ဘဏ် စာရင်း(Bank A/C)မှ ဗဟိုဘဏ်ရဲ့ ငွေပေးချေမှုကွန်ရက်စနစ် CBM-Net ကို အသုံးပြုပြီး ပေးချေလို့ရ တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။ 

MPU Debit Card နဲ့လည်း အွန်လိုင်းအခွန်ပေးချေမှုစနစ်ကို အသုံးပြုပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲတွေမှာရှိတဲ့ သက်ဆိုင်ရာအခွန်ရုံးရဲ့ ဘဏ်စာရင်းသို့ အခွန်ပေးသွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024