မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းဇုန်မှာ ဇွန်လ ၄ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ ကနေသိရပါတယ်။
အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ အနောက်မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထု ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးနဲ့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်းကို အသံမတိတ်၊အလံမလိပ်ဘဲချီတက်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သပိတ်ကော်မတီတာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
မြိုင်မြို့နယ်မှာ CDM ပြုလုပ်လို့ ရာထူးကနေ ယာယီရပ်နား၊ ထုတ်ပယ် ခံထားရတဲ့ ပညာရေးဝန်ထမ်း ဆရာဆရာမအရေအတွက် ၁၅၃၅ ဦးရှိတယ်လို့ အခြေခံပညာ အထွေထွေ သပိတ် ကော်မတီကနေ သိရပါတယ်။