Home
သတင်းတို
နေပြည်တော်လေဆိပ် နိုင်ငံတော်ကို ပြန်အပ်မည်
DVB
·
November 22, 2013
အေးရှားဝေါလ်ကုမ္ပဏီက ဘီအိုတီစနစ်နဲ့ ဆောက်လုပ်ခွင့်ရထားတဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ အရှုံးပေါ်မှာ သေချာနေတဲ့အတွက် အစိုးရကို ပြန်လွှဲပေးဖို့ တင်ပြထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သတင်းရင်းမြစ်ကို ကိုးကားပြီး ဒီနေ့ထုတ် ပြည်ထောင်စု နေ့စဉ်သတင်းစာက ဖော်ပြပါတယ်။ yangon airportနေပြည်တော်လေဆိပ်ကို အေးရှားဝေါလ်ကုမ္ပဏီက တရုတ်နိုင်ငံက ရတဲ့ နှစ်ရှည်ချေးငွေနဲ့ ၂၀၀၂ ခုနှစ် ကတည်းက စ ပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံး လေဆိပ်ကြီးအဖြစ် တည်ဆောက်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ပြည်တွင်းလေယာဉ် နည်းနည်းပါးပါးပဲ အဓိက ဆင်းသက်ပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပုံမှန် ဆိုက်ရောက်ခြင်း မရှိပါဘူး။ လေဆိပ်တည်ဆောက်ရေး လုပ်ငန်းလည်း စီမံကိန်းအဆင့် ၁ ပဲ ပြီးပါသေးတယ်။ ဒီအတွက် အရှုံးပေါ်မှာ သေချာနေပြီဖြစ်တဲ့အတွက် နိုင်ငံပိုင်လေဆိပ်အဖြစ် ပြန်လုပ်ပေးဖို့ ကုမ္ပဏီဘက်က တင်ပြလာခြင်း ဖြစ်ပြီး အစိုးရအဖွဲ့ဘက်ကလည်း လွှတ်တော်ဘက်ကို ပြန်တင်ပြထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024