ဟုမ္မလင်းမြို့နယ်တွင် စစ်သည် ၁ ဦး ပြည်သူနှင့်ပူးပေါင်း CDM ပြုလုပ်
DVB
·
June 3, 2021
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ခြေမြန်တပ်ရင်း အမှတ် (၃၆၉)က စစ်သား ထန်ရားပေါင်ဟာ ဇွန်လ ၂ ရက်က စစ်ကောင်စီကို အာဏာဖီဆန် CDM ပြုလုပ်ပြီး ပြည်သူနဲ့ ပူးပေါင်းလိုက်ပါတယ်။
စစ်အာဏာရှင်လက်အောက်မှာ တာဝန် ထမ်းဆောင်လိုခြင်းမရှိတော့တဲ့အတွက် CDM ပြုလုပ်ခဲ့တာလို့ ကာယကံရှင် ထန်ရားပေါင်ဟာ စာရေးသားထားပါတယ်။
ပြည်သူနဲ့အတူ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအာဏာ အပြည့်ဝရမှသာ ပြန်လည် တာဝန်ထမ်းဆောင်မယ်လို့လည်းရေးသားထားပါတယ်။