Home
မြန်မာသတင်း
ငှားရမ်းစေခိုင်းခံရသော ကလေးများ အစီရင်ခံစာ မွန်လူ့အခွင့်အရေး ထုတ်ပြန်
DVB
·
November 21, 2013
မြန်မာနိုင်ငံတောင်ပိုင်းမွန်ပြည်နယ် ကျေးလက်ဒေသနဲ့ ထိုင်း-မြန်မာနယ်စပ် တလျှောက်မှာ ကလေးတွေအများစုဟာ ကျောင်းမနေရဘဲ ကလေးလုပ်သားတွေအဖြစ် စေခိုင်းခံ နေရပြီး မိသားစုရဲ့ ၀မ်းရေးအတွက် ဖြည့်တင်းနေရတယ်လို့ မွန် လူ့အခွင့်အရေးအဖွဲ့က အစီရင်ခံ စာ တစောင်ထုတ်ပြန်လိုက်ပါတယ်။ childrenForHire“ငှားရမ်းစေခိုင်းခြင်းခံရသောကလေးငယ်များ”  ဆိုတဲ့အစီရင်ခံစာကို  မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်းကနေပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ကျရောက်တဲ့  အပြည်ပြည်ဆိုင်ရာ ကလေး များနေ့မှာ  ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မရရှိတာ၊ မြေယာလက်ဝယ် မရှိတာ။ ရွှေ့ပြောင်းနေထိုင်နေကြရတာ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုဒဏ်တွေ နှစ်ရှည်ခံနေရတာတွေဟာ  ပြည်သူတွေ ဆင်းရဲမွဲတေပြီး ကလေး အလုပ်သမားတွေ တိုးပွားလာရခြင်းရဲ့  အဓိက အကြောင်းအရင်းတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ မွန်ပြည်နယ်တွင်းက ကျေးရွာတွေနဲ့  ထိုင်းနယ်စပ်မှာနေထိုင်ကြတဲ့ ကလးငယ်အများစုဟာ ကျောင်းမနေကြရဘဲ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရပုံကို မွန်လူ့ အခွင့်အရေး ဖောင်ဒေးရှင်းက မိထောချမ်းက အခု လို ပြောပါတယ်။ “ကျေးလက်ဒေသမှာ ကလေးတွေက ရာဘာခြံတွေ ကွမ်းခြံတွေမှာ ပြီးတော့ စက်ရုံတွေမှာ သစ်စက်ရုံတွေ ပရိဘောဂ စက်ရုံတွေ ပြီးတော့ ကျဘန်းအလုပ်တွေ နေ့စားအလုပ်တွေ ပြီးတော့ အမှိုက်ကောက်ပြီးတော့ ပြန်ရောင်းတဲ့ ကလေးတွေ တချို့ ကျေးလက်တွေက ကလေးတွေက နွားကျောင်းတယ်၊ ဆိတ်ကျောင်းတယ် အဲဒီအလုပ်တွေ လုပ်ရတယ်။ တချို့ကျတော့ မိဘတွေ မသိတာ။ တချို့က မိဘတွေက ထိုင်းရောက်နေလို့ အဘိုးအဘွားတွေနဲ့ နေရတာ။ ကျောင်းမနေတဲ့ ကလေးကများတယ်။ ကျောင်းနေရင်း လုပ်တဲ့ကလေးက ၁ ယောက် ၂ ယောက်လောက်ပဲပါတယ်။ ” လုပ်ငန်းခွင်တွေမှာ အရွယ်မရောက်သေးဘဲအလုပ်စေခိုင်းခံနေကြရတဲ့  ကလေးငယ်တွေရဲ့ ဘ၀ပုံရိပ်တွေ အကြောင်းကို ဖော်ပြခြင်းအားဖြင့်  အလုပ်လုပ်နေရတဲ့ ကလေးငယ်တွေရဲ့ အရေ အတွက် လျော့ကျသွားအောင် ရည်ရွယ်ပြီး ဒီ အစီရင်ခံစာကို မွန်လူ့အခွင့်အရေးဖွဲ့က ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက  မိထောချမ်း က “ဒီဒေသအတွင်းမှာ ရှိတဲ့ ကလေးလုပ်သားတွေကို လျော့ကျသွားချင်တယ်။ မဖြစ်မနေ အလုပ်လုပ်နေကြတဲ့ ကလေးငယ်တွေကျတော့ သူတို့ရဲ့ လုပ်ငန်းခွင်လုံခြုံရေးတွေ တိုးမြှင့်ပေးအောင် တစုံတခု အကူအညီရအောင် အကုန်လုံးက ၀ိုင်းဝန်းပံ့ပိုး ကူညီပေးစေချင်တယ်။”လို့ ပြောသွားပါတယ်။ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း ဟာ ၁၉၉၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မွန်ပြည် နယ်အတွင်း  လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ သတင်းအချက်လက်ကို နှစ်စဉ် ကောက်ယူစုဆောင်းပြီး အစီရင်ခံစာထုတ်ပြန်လေ့ရှိတဲ့ အဖွဲဖြစ်ပါတယ်။ ဒီအစီရင်ခံစာကိုတော့  ရရာအလုပ် လုပ်ကိုင်းရင်း မိဘကို ကူညီထောက်ပံ့နေတဲ့ ကလေးငယ်တွေ၊ ကလေးမိဘတွေနဲ့  ကျန်းမာရေးလုပ်သားတွေ၊  လူမှုရေးအဖွဲ့စည်းတွေနဲ့ ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့တွေ အပါအ၀င် လူပေါင်း ၆၉ ဦးကို တွေ့ဆုံမေးမြန်းပြီး ပြုစု ရေး သားထားဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024