ထိုင်းတောင်ပိုင်း ဖူးခက်တွင် မူးယစ်ဆေးဝါးမှုဖြင့် မြန်မာအလုပ်သမား ၅ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင် ထလန်မြို့မှာ ဘိန်းစာရွက်နဲ့ ဆေးခြောက်တွေ ရောင်းချနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ ဦးကို ထိုင်းမူးယစ်ရဲတပ်ဖွဲ့ဝင်တွေ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ 556000015128801အမှတ် ၅ ခရိုင် ရဲတပ်ဖွဲ့က ရဲမှူးကြီး ၀ပ်ချရဖွန်းက သတင်းထောက်တွေကို ပြောကြားချက်အရ တလန်မြို့ ချိန်းထလေးရပ်ကွက်က   မြန်မာအလုပ်သမားတွေ နေထိုင်ရာ တန်းလျားမှာ ဘိန်းစာရွက်၊ ဆေးခြောက်နဲ့ ချောင်းဆိုးပျောက်ဆေးတွေ ရောင်းချနေကြောင်း  တာဝန်သိ ပြည်သူတွေက  ရဲစခန်းကို စာရေးတိုင်တန်းခဲ့တာမှာ အရပ်ဝတ်ရဲတွေက အရင်စုံစမ်းပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အဲဒီဖမ်းဆီးမှုမှာ မြန်မာအလုပ်သမား ၅ ဦးဖြစ်တဲ့ ကိုဇော် ၃၃ နှစ်၊ ကိုမင်း ၃၆ နှစ်၊ ကိုအက် ၂၄ နှစ်၊ ကိုနိုင် ၂၈ နှစ် နဲ့ ကိုဆောင်း ၂၈ နှစ်တို့ဆီက ဘိန်းစာရွက်  အလေးချိန် ၁၁ ကီလိုဂရမ်၊ ဆေးခြောက် ၁ ဂရမ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ကရိယာတွေပါ ဖမ်းဆီးရမိတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ သူတို့ ၅ ဦးစလုံးကို  အမှတ် ၅ အဆင့် ပြင်းအားရှိတဲ့ မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူမှာဖြစ်တဲ့အပြင် သူတို့ထဲက ၃ ဦိးမှာ လက်မှတ်အထောက်အထား မရှိတဲ့အတွက်  ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်မှုနဲ့ပါ အရေးယူခံရမယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

More News
Up