Home
မြန်မာသတင်း
အလုပ်ထုတ်ခံ ဆရာ၊ ဆရာမများ ကိုယ်တိုင်ခံဝန် အသနားခံပြီး အလုပ်ပြန်လျှောက်နိုင်ဟု စစ်အုပ်စု ကြေညာ
DVB
·
June 2, 2021

 ရာထူးကနေ ထုတ်ပယ်၊ တာဝန်မှ ယာယီရပ်နား၊ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ CDM ပညာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ်တိုင်ခံဝန်နဲ့ အသနားခံလျှောက်ထားပြီး  တာဝန်တွေ ပြန်ထမ်းဆောင်မယ်ဆိုရင် စစ်ဆေး လက်ခံသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးပညာရေးရုံးက ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရာထူးထုတ်ပယ်ခံရပြီး တာဝန်ပြန်လည်ထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေနဲ့ တရားစွဲဆိုခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ အကြီးအမှူး၊ ဦးဆောင်ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ပေးအပ်ထားသူတွေဆီမှာ ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ကိုယ်တိုင် ခံဝန်ကတိတွေ လျှောက်ထားနိုင်ကြောင်းကို စစ်အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုကော်မတီဝင် ဦးဖြိုးဝေအောင်က “အကြမ်းဖက် ဖက်ဆစ်သူပုန်တပ်ကို လက်မခံလို့ CDM လုပ်နေကြတာကို သူတို့ကို ပြန်ပြီး အသနားခံလျှောက်ထားရမယ်ဆိုတာကို ဂုဏ်သိက္ခာရှိတဲ့ ဆရာ၊ ဆရာမတွေက လက်ခံမှာတဲ့လား။ အဲဒီကောင်တွေကရော ယုံကြည်ရတဲ့ကောင်တွေလား၊ သူတို့ယန္တရားက ပြိုလဲနေပြီ။ ဒါကို ခေါင်းငုံ့ပြီး ပြန်ဝင်ထမ်းစရာကို မလိုဘူး။ မိသားစုနဲ့ အကြောင်းကြောင်းတွေကြောင့် Non CDM ပြန်ဖြစ်သွားတဲ့သူတွေကို အပြစ်မပြောချင်ပါဘူး။ သူတို့ယန္တရားကို ပြန်လည်ပတ်ဖို့အတွက်လည်း ကိုယ့်ရဲ့ဆရာဂုဏ်ကို ချပေးမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ စစ်တပ်ရဲ့ အာဏာသိမ်းအကြမ်းဖက်တဲ့ လုပ်ရပ်တွေကို လက်မခံဘဲ အာဏာဖီဆန်   CDM ပြုလုပ်လို့ အလုပ် ထုတ်ပယ်ခံရတဲ့ ပညာရေးဝန်ထမ်း  ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024