ပြည်တွင်းလေဆိပ် ၃၀ ပုဂ္ဂလိကကို လွှဲပြောင်း လုပ်ပိုင်ခွင့်ပေးသွားမည်
DVB
·
November 21, 2013
[caption id="attachment_32569" align="alignright" width="300"] မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်[/caption]
မြန်မာနိုင်ငံမှာ လေဆိပ်ပေါင်း ၇၀ နီးပါး ရှိတဲ့အနက် စီမံထိန်းသိမ်းတာနဲ့ အသုံးပြုနိုင်တဲ့ လေဆိပ်ပေါင်း ၃၀ ကို ပုဂ္ဂလိကတွေကို လွှဲပြောင်း လုပ်ပိုင်ခွင့်ပေးသွားမယ်လို့ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနရဲ့ ညွှန်ချုပ် ဦးတင်နိုင်ထွန်းက ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က လေကြောင်းသိပ္ပံကျောင်းမှာ ကျင်းပတဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လေဆိပ်တွေ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့် လွှဲပြောင်းပေးရာမှာ လေဆိပ်တခုလုံး လွှဲပြောင်း လုပ်ပိုင်ခွင့် ပေးတဲ့နည်းကို အဓိက ဦးစားပေးမှာ ဖြစ်ပြီး အခြား လေဆိပ်တည်ဆောက်ရေးနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို အပိုင်းလိုက် ဆောင်ရွက်ချင်ရင်လည်း ညှိနှိုင်း ဆောင်ရွက်ခွင့်ရှိ ကြောင်း သူက ရှင်းပြပါတယ်။
လေဆိပ်တွေကို ခုလို ပုဂ္ဂလိကတွေ လုပ်ပိုင်ခွင့်ပေးရာမှာ ပြည်တွင်းကုမ္ပဏီတွေကိုပဲ
လုပ်ခွင့် ပေးသွားမှာ ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီတွေကတော့ ပြည်တွင်းကုမ္ပဏီတွေရဲ့ လက်အောက်ကနေ အစိတ်အပိုင်းတခုအနေနဲ့ပဲ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲက နိုင်ငံခြားသားတွေ အ၀င်အထွက်များတဲ့ ဟဲဟိုး၊ ပုဂံ-ညောင်ဦးနဲ့ တာချီလိတ်လေဆိပ်တွေကို လေယာဉ်တွေ နေ့နဲ့ ည ဆင်းသက်နိုင်အောင် အဆင့်မြှင့် သွားမယ်လို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနရဲ့ ညွှန်ချုပ် ဦးတင်နိုင်ထွန်းက ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က လေကြောင်းသိပ္ပံကျောင်းမှာ ကျင်းပတဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၄ မတ်လမတိုင်ခင် အဲဒီ လေယာဉ်ကွင်း ၃ ကွင်းကို ပြေးလမ်းအကျယ် ပေ ၅၀ စီ တိုးချဲ့မှာဖြစ်ပြီး ညဘက်နဲ့ ရာသီဥတုဆိုးတဲ့အချိန်ပါ ဆင်းနိုင်အောင် Instrument Landing System (ILS) စနစ် တပ်ဆင်မယ်လို့ သူက ရှင်းပြပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ လေဆိပ် ၃၀ ၀န်းကျင်လောက်မှာ ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနားနဲ့ မြိတ်လေယာဉ်ကွင်း ၄ ကွင်းမှာ Instrument Landing System (ILS) စနစ် တပ်ဆင်ထားပြီး ဖြစ်တယ်လို့ ဦးတင်နိုင်ထွန်းက ပြောပါတယ်။