တွံတေးမြို့နယ် တလုပ်ထော်ကျေးရွာတွင် ဗုံးကွဲ
DVB
·
June 2, 2021
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် တလုပ်ထော်ကျေးရွာ၊ မူလတန်းလွန်ကျောင်းမှာ ဒီမနက် အစောပိုင်း ၆ နာရီကျော်လောက်က ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီကျောင်းမှာ ကျောင်းလာအပ်မယ့်သူ တယောက်မှ မရှိလို့ ကျောင်းအုပ်ဆရာမကြီးက အိမ်တိုင်ရာရောက် လာပြီး စည်းရုံးတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲဒီရွာမှာ လာရောက်တိမ်းရှောင်ခဲ့တဲ့ CDM လုပ်ထားသူတွေ၊ အန်အယ်လ်ဒီ ပါတီ၀င်တွေ နေခဲ့တဲ့အိမ်တွေကိုလည်း စစ်ကောင်စီက တံခါးတွေဖျက်ပြီး ၀င်ရှာသွားပါတယ်။