Home
မြန်မာသတင်း
လက်ပံတောင်းအရေး ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူ (၆) ဦး ထောင်ဒဏ်ချမှတ်
DVB
·
November 21, 2013
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဆန္ဒပြသံဃာတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ၆ ဦးကို သက်ဆိုင်ရာ တရားရုံးတွေက ထောင်ဒဏ် တွေ အသီးသီး ချမှတ်လိုက်ပါတယ်။ [caption id="attachment_46764" align="alignright" width="300"]Photo by Moe Thway Facebook Photo by Moe Thway Facebook[/caption] ကိုမိုးသွေး၊ ၂၀၀၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ကိုအောင်မျိုးဦး၊ ကိုမြင့်ကျော်ဦး၊၊ သူကြီး (ခေါ်) ကိုစိုးမိုးထွန်းနဲ့ မသန္တာတို့ ၆ဦးကို ကြည့်မြင်တိုင်၊ စမ်းချောင်းနဲ့ အလုံ မြို့နယ် တရားရုံးတွေက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ကြည့်မြင်တိုင် တရားရုံးက နိုဝင်ဘာ ၂၁ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်လိုက်တာပါ။ ဒီထောင်ဒဏ် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ကိုဒီငြိမ်းလင်းရဲ့ ဖခင် ၈၈ မျိုးဆက် ကျောင်းသား ဦးဇော်မင်း က ပြစ်ဒဏ်အတွက် ငွေဒဏ်နဲ့ ထောင်ဒဏ်ရှိရာမှာ ငွေဒဏ်ကို ချမှတ်ခြင်းမရှိဘဲ ထောင်ဒဏ်ကို ချမှတ်လိုက်တာဟာ သေးတဲ့ အမှုကို ကြီးအောင် လုပ်ဆောင်တာ ဖြစ်တဲ့အကြောင်း အခုလို ပြောပါတယ်။ ဦးဇော်မင်းပြော က “ပုဒ်မ ၁၈ ဆိုတာက လက်ရှိ အစိုးရ လက်ထက်မှာမှ ဖြစ်ပေါ်လာတဲ့ ပုဒ်မ ပဲလေ။ ပုဒ်မ အသစ်ဆိုပေမယ့် တရားစီရင်ရေးပုံစံက အဟောင်း။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးတွေရဲ့ အခြေအနေတွေက ငွေဒဏ်နဲ့ ထောင်ဒဏ် နှစ်ခုရှိတဲ့နေရာမှာ ငွေဒဏ်မချပဲ ထောင်ဒဏ်ချတယ်။ အရင်ငယ်ငယ်က နားလည်တာက တရားစီရင်ရေးပုံစံက ကြီးတယ်အမှုကို ငယ်အောင် ငယ်တဲ့အမှုကို ပပျောက်အောက် လုပ်တာ။ အခုက ငယ်တဲ့အမှုကို ကြီးအောင် ကြီးတဲ့အမှုကို ပိုပြီးတော့ ကြီးကျယ်အောင် လုပ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။” လို့ ပြောသွားပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့ စမ်းချောင်းနဲ့ အလုံမြို့နယ် တရားရုံးတွေက စွဲဆိုချက်တွေနဲ့ ပတ်သက်ပြီး ချမှတ်မယ့် စီရင်ချက်ကိုလည်း ဆန္ဒပြသမားတွေ ထပ်မံ ရင်ဆိုင်ရဖို့ရှိပါတယ်။ ကိုဒီငြိမ်းလင်းဟာ အစိုးရ လွတ်ငြိမ်းချမ်းသာခွင့် ပုဒ်မ ၄၀၁ နဲ့ လွှတ်မြောက်လာတာ ဖြစ်ပြီး ပြစ်မှု ထပ်မံ ကျူးလွန်ရင် လက်ကျန် ထောင်ဒဏ် ၁၀ နှစ်ခွဲ ထပ်ပေါင်းမယ်လို့ သတင်းထွက်နေတဲ့ အပေါ် စိုးရိမ်မိတဲ့ အကြောင်းလည်း ညီဖြစ်သူ ကိုမင်းသူအောင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024