ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ဇွန် ၂ရက် မနက်ပိုင်းက ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင် အပြီးတိုင်ပြုတ်ကျရေးအတွက် ပြောက်ကျားသပိတ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းဖွင့်ရက် ဒုတိယနေ့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတာကြောင့် ပုံမှန်ထွက်နေကျ အရုဏ်ဦးသပိတ် မပြုလုပ်နိုင်ခဲ့ဘဲ ပြောက်ကျားသပိတ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်” လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
မိုးကောင်းမြို့မှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပြုတ်ကျရေးအတွက် နေ့စဉ်နေ့တိုင်း အရုဏ်ဦးသပိတ်၊ ဆိုင်ကယ်သပိတ်၊ ညသပိတ် စတာတွေကို ပြုလုပ်နေကြတာပါ။