ဖားကန့် လုံးခင်းကျေးရွာက ပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ
DVB
·
June 2, 2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ ဇွန် ၂ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေသခံတိုင်းရင်းသားတွေ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသပိတ်စစ်ကြောင်းဟာ ကေအိုင်အေ အလံတွေ ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြသလို စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ လုံးခင်းကျေးရွာအုပ်စုမှာကျဆုံးခဲ့တဲ့ ကိုဝေဖြိုးအောင် ၁ လပြည့်အနေနဲ့ စစ်အာဏာရှင်ကို အဆုံးထိ ဆက်တိုက်သွားမယ်လို့လည်း ကတိသစ္စာပြုခဲ့ကြပါတယ်။